ဂျပန်သို့ ခရီးသွားခြင်းကိုရှောင်ကြဉ်ရန် တရုတ်သတိပေး

တရုတ်ခရီးသွားများအနေဖြင့် ယခုရက်များအတွင်း ဂျပန်နိုင်ငံသို့ ခရီးသွားခြင်းရာဇဝတ်မှုတိုဉ်ရန် တရုတ်ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ လေးနက်စွာ သတိပေးကြောင်း ထုတ်ပြန်ထားသည်ဟု တရုတ်သတင်းများ၏ ဖော်ပြမှုအရ သိရသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ယခုနှစ်အတွင်း ဂျပန်လူ့အဖွဲ့အစည်း လုံခြုံရေးအခြေအနေ မငြိမ်မသက်ဖြစ်နေပြီး တရုတ်နိုင်ငံသားများအပေါ် ရည်စူးသော ရာဇဝတ်မှုတိုးများလာကာ ဂျပန်နိုင်ငံရှိ တရုတ်နိုင်ငံသားများအပေါ် တိုက်ခိုက်မှုများစွာ ဖြစ်ပွားခဲ့ခြင်းကြောင့် ဂျပန်နိုင်ငံရှိ တရုတ်နိုင်ငံသားများအတွက် ဘေးကင်းရာပတ်ဝန်းကျင် ဆက်လက်ဆိုးရွားလာနေကြောင်း နိုဝင်ဘာလ ၁၄ ရက်နေ့က သတိပေးချက် ထုတ်ပြန်ခဲ့သည်။

အလားတူ ယခုရက်များအတွင်း ဂျပန်ခေါင်းဆောင်သည် ထိုင်ဝမ်နှင့် ပတ်သက်သော ရန်စမှုပြောဆိုချက်များကို ထုတ်ပြန်ခဲ့ပြီး တရုတ်-ဂျပန် ပြည်သူများအကြား အချင်းချင်းဆက်ဆံမှု အခြေအနေကို ဆိုးရွားစွာ ထိခိုက်စေသလို ဂျပန်နိုင်ငံရှိ တရုတ်နိုင်ငံသားများ၏ အသက်စည်းစိမ် လုံခြုံရေးကို ကြီးမားသော အန္တရာယ်များ ဖြစ်စေခဲ့ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်ဟု သိရသည်။

 𝙈𝙃𝙏𝙉𝙀𝙒𝙎

Leave a Reply

Your email address will not be published. Required fields are marked *