မန္တလေးငလျင်အပြီး ပြန်လည်ပြင်ဆင်မှုများ ပြုလုပ်နေသည့် ဝဏ္ဏသိဒ္ဓိအားကစားကွင်း

နေပြည်တောင်ကောင်စီနယ်မြေရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်းကို မန္တလေးငလျင်ကြီးအပြီး၌ ပြန်လည်ပြင်ဆင်တည်ဆောက်မှုများ ပြုလုပ်နေကြောင်း အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဖော်ပြချက်အရ သိရသည်။

မန္တလေးငလျင်ကြီးကြောင့် ဝဏ္ဏသိဒ္ဓိအားကစားကွင်းအတွင်းရှိ အဆောက်အဦး ပတ်လည်နံရံများအား ပြန်လည်ဖာထေးပြုပြင်ခြင်း၊ VIP ဧည့်ခန်းမဆောင် အုတ်စီခြင်းလုပ်ငန်း၊ မှန်တပ်ဆင်ခြင်း ကြမ်းခင်းများနှင့် အုတ်နံရံများအား ပြုပြင်ဆောင်ရွက်ခြင်း၊ မီတာ ၄၀၀ Synthetic ပြေးလမ်းအား အသစ်ပြန်လည်ခင်းကျင်းခြင်းတို့ကို လုပ်ဆောင်နေသည်။

ထို့အပြင် ငလျင်ကြောင့်ပျ-က်စီးသွားသည့် ယခင် Synthetic ပြေးလမ်းအဟောင်းအား ခွာထုတ်ကာ ဘောလုံးကွင်း မြက်ခင်းပြန်လည်စိုက်ပျိုးပြီးစီးမှုနှင့် မြက်ခင်းများ စိမ်းလန်းစိုပြေစေရေးအတွက် ဘောလုံးကွင်းရေဖျန်းစနစ် (Field Sprinkler) များ ပြန်လည်တပ်ဆင်ခြင်း အထူးတန်းပွဲကြည့်စင်ပတ်လည် နံရံပလာစတာ ဖာထေးပြုပြင်ခြင်း၊ ဓါတ်လှေကားပြန်လည်ပြင်ဆင်ခြင်းတို့ကိုလည်း ဆောင်ရွက်နေကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *