ရွေးကောက်ပွဲအား အစစ်အမှန်မဟုတ်ကြောင်း ဝေဖန်မှုများသည် နိုင်ငံအတွက်ဒီမိုကရေစီအညွှန့်အဖူးများနှင့် ဝေစည်လာစေမည့် ရွေးကောက်ပွဲကိုနှောင့်ယှက်နေခြင်းသာဖြစ်

ရွေးကောက်ပွဲအားအစစ်အမှန်မဟုတ်ကြောင်း ဝေဖန်ပြောဆိုမှုများသည် နိုင်ငံအတွက် ဒီမိုကရေစီအညွှန့်အဖူးများနှင့် ဝေစည်လာစေမည့် ရွေးကောက်ပွဲကိုနှောင့် ယှက်ဟန့်တားနေခြင်းသာဖြစ်သည်ဟု ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမောင်မောင်အုန်းက ပြောသည်။

ယနေ့ နိုဝင်ဘာ ၁၇ ရက်နံနက်ပိုင်းကကျင်းပသည့် က မ္ဘာလုံးဆိုင်ရာစီမံခန့်ခွဲမှုအစီအမံ(GGI)ဆိုင်ရာဆွေးနွေးပွဲနှင့် မြန်မာ-တရုတ်မီဒီယာမိတ်ဆုံလက်ဖက်ရည်ပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

နိုင်ငံတော်အစိုးရမှ နိုင်ငံသားများ၏လိုလားချက်များနှင့်အညီ ပါတီစုံဒီမိုကရေစီစနစ်၏ အသက်ဝိဉာဉ်ဖြစ်သော အထွေထွေရွေးကောက်ပွဲကြီးကို လာမည့် ဒီဇင် ဘာ ၂၈ ရက်မှစတင်၍ အပိုင်း(၃)ပိုင်းနှင့်ကျင်းပသွားမည်ကို ကမ္ဘာသိကြေညာထားပြီးဖြစ်သည်ဟု ပြော သည်။

” အခုကျင်းပမယ့် ရွေးကောက်ပွဲဟာ မြန်မာ့မိတ်ဆွေနိုင်ငံတွေ အိမ်နီးချင်းနိုင်ငံတွေနဲ့ ဒေသတွင်းနိုင်ငံတွေရဲ့ တစ်ခဲနက်ထောက်ခံအားပေးမှုကိုရရှိထားပြီးဖြစ်ပါတယ်”ဟု ပြည်ထောင်စုဝန်ကြီးဦးမောင်မောင်အုန်းကပြောသည်။

ထိုသို့ ထောက်ခံအားပေးမှုရရှိထားပြီးဖြစ်သော်လည်း အချို့သည် ပုဂ္ဂိုလ်ရေးခံစားချက်ဖြင့် ၎င်းတို့ကြိုက် နှစ်သက်သည့် ပုဂ္ဂိုလ်၊ ၎င်းတို့ထောက်ခံအားပေးသည့် ပါတီဟောင်းများမပါသဖြင့် ရွေးကောက်ပွဲသည် အစစ် အမှန်မဟုတ်ကြောင်းဝေဖန်ပြောဆိုမှုများရှိနေခြင်းသည် နိုင်ငံအတွက် ဒီမိုကရေစီအညွှန့်အဖူးများနှင့် ဝေစည်လာစေမည့် ရွေးကောက်ပွဲကိုနှောင့်ယှက်ဟန့်တားနေခြင်းသာဖြစ်သည်ဟု ပြောသည်။

ကျင်းပမည့် ရွေးကောက်ပွဲ၌ နိုင်ငံတကာရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများကိုဖိတ်ကြား၍ လေ့လာခွင့်ပြုမည်ဖြစ်၍ ရွေးကောက်ပွဲသည် ပွင့်လင်းမြင်သာမှုနှင့် လွတ်လပ်၍တရားမျှတမှုရှိကြောင်းကို နိုင်ငံတကာနှင့် ပြည်တွင်းလေ့လာစောင့်ကြည့်ရေးအဖွဲ့များ လေ့ လာစောင့်ကြည့်နိုင်မည်ဟု ပြောကြားခဲ့သည်

Leave a Reply

Your email address will not be published. Required fields are marked *