၂၀၂၅ ၊ နိုဝင်ဘာ ၁၇နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်း ချမ်းရေးလုပ် ငန်းစဉ်များကို လက် ခံယုံကြည်သည့် AA အဖွဲ့ဝင် အ မျိုးသား ၉ ဦးနှင့် PDF အမည်ခံအဖွဲ့ဝင် အမျိုးသား ၆ ဦးတို့သည် လက်နက်၊ ခဲယမ်းများနှင့်အတူ ဉပဒေဘောင်အတွင်းသို့ ဝင်ရောက် လာကြောင်း ယနေ့ ( နိုဝင်ဘာ ၁၇) သတင်းထုတ်ပြန်ထားသည်။
နိုင်ငံတော်အစိုးရသည် PDF အပါအ ဝင် အဖွဲ့အ စည်းအမျိုးမျိုးအ မည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့်် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဉပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်၍ ဉပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာကြသူများကိုလည်း လိုအပ်သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက် ပေးလျက်ရှိရာ နိုင်ငံ တော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ် ငန်းစဉ်များကို နားလည် သဘောပေါက်လာသည့် AA အဖွဲ့ဝင် အမျိုးသား ၉ ဦးနှင့် PDF အ မည်ခံအဖွဲ့ဝင် အမျိုးသား ၆ ဦး တို့သည် လက်နက်၊ ခဲယမ်းများနှင့်အတူ ယနေ့တွင် ဉပဒေဘောင် အ တွင်းသို့ ဝင်ရောက်လာကြခြင်းဖြစ်သည်။





