(၆၀)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲစတင်ဖွင့်လှစ်

ကျောက်စိမ်းရိုင်းများ၊ ကျောက်စိမ်းအချောထည်များ ၊ ကျောက်မျက်ရိုင်းများ၊ ကျောက်မျက်လက်ဝတ်ရတ နာများ၊ ပုလဲများကိုရောင်းချမည်

(၆၀)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို ယနေ့ နိုဝင်ဘာ ၁၇ ရက်နံနက်ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌စတင်ဖွင့်လှစ်ရာ နိုင်ငံ တော်ယာယီမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တက်ရောက်ခဲ့ကြောင်း သိရသည်။

ယာယီသမ္မတမှ မြန်မာ့ပုလဲများထုတ်လုပ်မှုနှင့် ရောင်း ချနိုင်မှု၊ ကျောက်မျက်ရတနာပစ္စည်းများထုတ်လုပ်မှုနှင့် (၆၀)ကြိမ်မြောက်မြန်မာ့ကျောက်မျက်ရတနာပြပွဲကျင်းပနိုင်ရေး ပြင်ဆင်ဆောင်ရွက်ခဲ့မှု ဗီဒီယိုမှတ်တမ်းကိုကြည့်ရှုပြီးနောက် ရောင်းချရန်ပြသထားသော ကျောက်စိမ်း၊ ကျောက်မျက်အတွဲများနှင့် ပုလဲအတွဲများကိုကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထို့ပြင် ယာယီသမ္မတသည် ပုဂ္ဂလိက ကျောက်မျက်ရ တနာအချောထည်အရောင်းပြခန်းများဖွင့်လှစ်ရောင်း ချနေမှု၊ ခန်းမအပြင်ဘက်တွင် ခင်းကျင်းပြသထားသည့် ကျောက်စိမ်းရိုင်းအတွဲများကိုလည်းကြည့်ရှုစစ် ဆေးခဲ့ကြောင်း သိရသည်။

(၆၀)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ၌ ကျောက်စိမ်းရိုင်း(၅,၀၆၄)တွဲ၊ ကျောက်စိမ်းအချော ထည်(၂၁)တွဲ၊ ကျောက်မျက်ရိုင်း(၁၃)တွဲ၊ ကျောက်မျက်လက်ဝတ်ရတနာ(၁၄၇)တွဲ၊ ပုလဲ(၄၈၉)တွဲတို့ကို ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များကို အိတ်ဖွင့်ဈေးပြိုင်တင်ဒါစနစ်ဖြင့်ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ ရောင်းချရာ၌ အမေရိကန်ဒေါ်လာ၊ ယူရိုငွေ၊ ယွမ်ငွေ၊ ထိုင်းဘတ်ငွေနှင့် ဗဟိုဘဏ်ကလက်ခံသည့် နိုင်ငံ ခြားငွေများဖြင့် ‌ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *