၁။ ကမ္ဘာ့နိုင်ငံရေးအခြေအနေများအရ အရှေ့အလယ်ပိုင်းဒေသအတွင်း၌ စစ်ရေးပဋိပက္ခများကြောင့် စက်သုံးဆီခြိုးခြံချွေတာသုံးစွဲရေးနှင့် ဖူလုံမှုရှိစေရေးတို့အတွက် “စုံ” ရက်များတွင် စုံနံပါတ် အက္ခရာပါသောယာဉ်များနှင့် “မ” ရက်များတွင် မနံပါတ်အက္ခရာပါသောယာဉ်များအား သတ်မှတ်ချက်များနှင့်အညီ ကန့်သတ်မောင်းနှင်အသုံးပြုရန် ပြည်သူသို့ အသိပေးကြေညာချက်များကို ၂၀၂၆ ခုနှစ်၊ မတ်လ ၃ ရက်နှင့် ၄ ရက်နေ့တို့တွင် ထုတ်ပြန်ခဲ့ပါသည်။
၂။ ယခုအခါ စက်သုံးဆီသုံးစွဲမှုသည် ပုံမှန်တည်ငြိမ်သည့်အခြေအနေသို့ ရောက်ရှိလာပြီးပြည်သူများ သွားလာရေးအဆင်ပြေချောမွေ့စေရန်နှင့်စီးပွားရေးလုပ်ငန်းများအရှိန်အဟုန်မပြတ်လည်ပတ်စေရန်တို့အတွက် အထက်ပါထုတ်ပြန်ခဲ့သည့် ပြည်သူသို့အသိပေးကြေညာချက်များအား ၂၀၂၆ ခုနှစ်၊ စက်တင်ဘာ လ ၉ ရက်မှစတင်၍ ပယ်ဖျက်လိုက်သည်။
၃။ မော်တော်ယာဉ်များအား “စုံ” ရက်၊ “မ”ရက် ခွဲခြားမောင်းနှင်မှုအစား ပုံမှန်အတိုင်းပြန်လည်မောင်းနှင်နိုင်ပါကြောင်းနှင့် နိုင်ငံ၏စွမ်းအင်လုံခြုံရေးအတွက် စက်သုံးဆီဖြန့်ဖြူးရောင်းချခြင်းစနစ်အား လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ လက်ရှိကျင့်သုံးလျက်ရှိသော “စုံ” / “မ” ရက်စနစ်- QR Code သတ်မှတ်ချက်နှင့်အညီ ဆက်လက်ဝယ်ယူရန်ဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။
သတင်းထုတ်ပြန်ရေးအဖွဲ့
နိုင်ငံတော်သမ္မတရုံး
