
နေပြည်တော်ကောင်စီနယ်မြေအတွင်း မော်တော်ဆိုင်ကယ်များ လိုက်လံခိုးယူခဲ့သည့် အမျိုးသားနှစ်ဦးကို သက်သေခံမော်တော်ဆိုင်ကယ် ၁၉ စီးနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
ဖြစ်စဉ်မှာ မေ ၁၂ ရက် နံနက်ပိုင်းတွင် ပျဉ်းမနားမြို့နယ်၊ စက်ရုံကျေးရွာနေ မထက်ထက်ဖြိုးသည် Honda Wave-100 အမျိုးအစား မော်တော်ဆိုင်ကယ်ကို ဈေးကုန်းကျေးရွာရှိ ဆင်ေ-သဈေးအနီး၌ ရပ်ထားခဲ့ပြီး ဈေးဝယ်သွားရာမှ ပြန်လာစဉ် ဆိုင်ကယ်ပျေ-ာက်ဆုံးနေသည်ကို တွေ့ရှိခဲ့သည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ပျဉ်းမနားမြိုမရဲစခန်း၌ (ပ)၁၄၅/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၇၉ ဖြင့် အမှုဖွင့်၍ စုံစမ်းစစ်ဆေးခဲ့သည်။
ရဲတပ်ဖွဲ့က သတင်းရယူစုံစမ်းမှုများ ဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၁ ရက် ညပိုင်းတွင် ပြစ်မှုကျူးလွန်သူများဖြစ်သည့် ပျဉ်းမနားမြို့နယ်၊ ညောင်ပင်သာကျေးရွာနေ လမင်းဇော်နှင့် ဥယျာဉ်စုရပ်ကွက်နေ ဇင်ရဲထွန်း (ခ) ရဲထွန်းတိုကို ၎င်းတို၏ နေအိမ်အသီးသီး၌ ဖမ်းဆီးရမိခဲ့သည်။
