
ချင်းပြည်နယ်အတွင်း စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်လိုသူများအနေဖြင့် နိုင်ငံတော်က ထုတ်ချေးပေးသည့် ချေးငွေများ ရယူလိုပါက သက်ဆိုင်ရာဌာနများနှင့် ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်က ပြောကြားသည်။
ဒုတိယဝန်ကြီးသည် ယမန်နေ့နံနက်ပိုင်းက တွန်းဇံမြိုရှိ ရိုမန်ကက်သလစ်ဘုရားကျောင်းခန်းမ၌ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြိုမိမြိုဖများနှင့် ဒေသခံပြည်သူများအား တွေ့ဆုံစဉ် ချင်းပြည်နယ် တည်ငြိမ်အေးချမ်းလာပြီဖြစ်သည့်အတွက် ဒေသတွင်း စီးပွားရေးလုပ်ငန်းများ ပြန်လည်လုပ်ကိုင်နိုင်ရေးနှင့်ပတ်သက်၍ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
