ယီမင်နိုင်ငံရှိ ဟူသီလက်နက်ကိုင်အဖွဲ့ဟာ ဆော်ဒီအာရေဗျနိုင်ငံအတွင်းမှာရှိတဲ့ အရေးပါတဲ့ပစ်မှတ်တွေကို ဒရုန်းနဲ့ဒုံးကျည်တွေအများအပြားသုံးပြီး အကြီးအကျယ်တိုက်ခိုက်ခဲ့တယ်လို့ စက်တင်ဘာလ ၈ ရက်မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
ဟူသီတပ်ဖွဲ့မှပြောရေးဆိုခွင့်ရှိသူ ယားဟီးယားဆာရီရဲ့ပြောဆိုချက်အရ ဒီစစ်ဆင်ရေးမှာတောင်ပံပါဒုံးကျည်တွေ၊ ပဲ့ထိန်းဒုံးကျည်တွေနဲ့ တိုက်ခိုက်ရေးဒရုန်းအစင်းရေ အမြောက်အမြား ကိုသုံးစွဲခဲ့တာဖြစ်တယ်လို့သိရပါတယ်။ တိုက်ခိုက်ခံရတဲ့ ပစ်မှတ်တွေထဲမှာ ဆော်ဒီအာရေဗျ ရဲ့စစ်ဘက်ဆိုင်ရာစခန်းတွေနဲ့အဓိကအခြေခံ အဆောက်အအုံတွေ ပါဝင်တယ်လို့ ဆိုပါတယ်။
ဒီတိုက်ခိုက်မှုဟာ ယီမင်နိုင်ငံအပေါ် ဆော်ဒီဦးဆောင်တဲ့ မဟာမိတ်တပ်ဖွဲ့ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ပိတ်ဆို့ထားမှုတွေကို တုံ့ပြန်တဲ့အနေနဲ့ လုပ်ဆောင်တာဖြစ်ကြောင်း ဟူသီဘက်က အကြောင်းပြထားပါတယ်။ ဒါပေမဲ့ ဒီတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှုနဲ့ထိခိုက်ဒဏ်ရာရရှိမှု အခြေအနေ အသေးစိတ်ကိုတော့ ဆော်ဒီအာရေဗျ အာဏာပိုင်တွေဘက်ကချက်ချင်း အတည်ပြု ထုတ်ပြန်တာမျိုးမရှိပါဘူး။ ဒါပေမဲ့ လက်တုံ့ပြန်တိုက်ခိုက်မယ်လို့တော့
ထုတ်ပြန်ထားတာတွေ့ရပါတယ်။Ref: Xinhua
