MFF ယူ-၁၉ ဖူဆယ်လိဂ်ပြိုင်ပွဲတွင် ROYAL NOKA အသင်း၊ UNITED CITY အသင်းနှင့် YRG အသင်းတို့ ဂိုးပြတ်အနိုင်ရ

အားကစားရေးရာဝန်ကြီးဌာန နှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့တို့၏ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ ဖူဆယ်နှင့် သဲသောင်ပြင်ဘောလုံးကော်မတီမှ ကျင်းပသည့် MFF ယူ-၁၉ ဖူဆယ်လိဂ်ပြိုင်ပွဲ ပွဲစဉ်(၁၃)ပြိုင်ပွဲများကို ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်ရှိ MFF Futsal Stadium ၌ကျင်းပရာ ROYAL NOKA အသင်း၊ UNITED CITY အသင်းနှင့် YRG အသင်းတို့ ပြိုင်ဘက်အသင်းများအား ဂိုးပြတ် အနိုင်ရရှိခဲ့ကြသည်။

နံနက် ၈ နာရီခွဲတွင်ကျင်းပသည့် BURMESE WARRIORS နှင့် GOLD DREAM အသင်းတို့ပွဲတွင် GOLD DREAM အသင်းက ၅ ဂိုး ဂိုးမရှိဖြင့်လည်းကောင်း၊ နံနက် ၁၀ နာရီတွင်ယှဉ်ပြိုင်သည့် UNITED CITY အသင်းနှင့် SHWE PYI THAR UTD အသင်းတို့ပွဲတွင် UNITED CITY အသင်းက ၇ ဂိုး ၂ ဂိုးဖြင့်လည်းကောင်း၊ နံနက် ၁၁ နာရီခွဲတွင်ယှဉ် ပြိုင်သည့် MINGALARDON CITY အသင်းနှင့် ROYAL NOKA အသင်း တို့ပွဲတွင် ROYAL NOKA အသင်း က ၁၂ ဂိုး ဂိုးမရှိဖြင့်လည်းကောင်း အနိုင်ရရှိကြသည်။

ထို့အတူ မွန်းလွဲ ၁ နာရီတွင်ယှဉ် ပြိုင်သည့် YRG အသင်းနှင့် JV အသင်း တို့ပွဲတွင် YRG အသင်းက ၇ ဂိုး ဂိုးမရှိဖြင့်လည်းကောင်း၊ မွန်းလွဲ ၂ နာရီခွဲတွင်ယှဉ်ပြိုင်သည့် ULAD အသင်းနှင့် PACIFIC SUN FAR အသင်းတို့ပွဲတွင် ULAD အသင်းက ၁ ဂိုး ဂိုးမရှိဖြင့်လည်းကောင်း၊ ညနေ ၄ နာရီတွင် ယှဉ်ပြိုင်ကစားသည့် YCDC DREAM TEAM အသင်းနှင့် MIU အသင်းတို့ပွဲတွင် MIU အသင်း က ၃ ဂိုး ၁ ဂိုးဖြင့်လည်းကောင်း အသီးသီးအနိုင်ရရှိခဲ့ကြသည်။

Leave a Reply

Your email address will not be published. Required fields are marked *