ပြည်ပနိုင်ငံများတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ပေးမှုနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက်(၁၁/၂၀၂၆)

Unconscious and intubated Covid-19 patients are treated in Vila Penteado Hospital's ICU, in the Brasilandia neighborhood of Sao Paulo, on June 21, 2020. According ta a study published in June 21st, Brazil's public hospitals, like Vila Penteado, had almost 40% death rates from the new coronavirus, the double from private hospitals. Brasilandia is one of the neighborhhods in Sao Paulo with highest number of deaths from Covid-19 (Photo by Gustavo Basso/NurPhoto via Getty Images)

ပြည်ပနိုင်ငံများတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား

မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ပေးမှုနှင့်စပ်လျဉ်း၍

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက်(၁၁/၂၀၂၆)

၁။        ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလမှ စက်တင်ဘာလအထိ က‌မ္ဘောဒီးယားနိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် မလေးရှားနိုင်ငံများမှ အခက်အခဲဒုက္ခများ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား ရေယာဉ်၊ လေယာဉ်များဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ပေးခဲ့ပြီး အောက်တိုဘာလတွင် နိုင်ငံတော်၏ ညှိနှိုင်းချက်ဖြင့် မလေးရှားနိုင်ငံလူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေး စခန်းများတွင်ထိန်းသိမ်းခံထားရသော မြန်မာနိုင်ငံသို့ပြန်ရန်အခက် အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား စိစစ်ပြီးသူ (၁၄၇၆) ဦးအား မြန်မာ့တပ်မတော်ရေယာဉ်များဖြင့် မြန်မာနိုင်ငံသို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ခေါ်ဆောင်ခဲ့ပြီး ကျန်းမာရေးနှင့်လိုအပ်သည့် လူသားချင်း စာနာထောက်ထားမှု အကူအညီများ ပေးအပ်ဆောင်ရွက်ခဲ့သည်ကို တွေ့ရှိရပါသည်။ 

၂။         အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း (UDHR) အပိုဒ် ၃ တွင် “လူတိုင်းတွင် အသက်ရှင်သန်ခွင့်၊ လွတ်လပ်ခွင့်နှင့်လူပုဂ္ဂိုလ် လုံခြုံမှုရခွင့်ရှိသည်” ဟု ဖော်ပြထားပြီး အပိုဒ် ၁၃၊ အပိုဒ်ခွဲ (၂) တွင်“လူတိုင်းတွင် မိမိ၏နိုင်ငံအပါအဝင် မည်သည့်နိုင်ငံမှမဆို ထွက်ခွာပိုင်ခွင့်နှင့် မိမိ၏ နိုင်ငံသို့ ပြန်လာပိုင်ခွင့်ရှိသည်”ဟု အတိအလင်းဖော်ပြထားသည့်အတိုင်း ပြည်ပရောက် နိုင်ငံသားများ ရင်ဆိုင်ကြုံတွေ့နေရသည့်ဘေးဒုက္ခ နှင့်အခက်အခဲများမှ ကင်းလွတ်စေရန် နိုင်ငံတော်အနေဖြင့် အကာအကွယ် ပေးခြင်းနှင့် နေရပ်ပြန်ခွင့်ကို လက်တွေ့ကျကျဖော်ဆောင်ပေးခြင်းသည် လူ့အခွင့်အရေးစံနှုန်းများနှင့်ကိုက်ညီသော  လုပ်ဆောင်ချက်ဖြစ်ပါသည်။

၃။      နိုင်ငံသားတိုင်း ဥပဒေအရ အကာအကွယ်ရရှိစေရေး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများ ပြည့်ဝစွာရရှိစေရေးနှင့် နိုင်ငံသားများ၏ အခြေခံအခွင့်အရေးများ မြှင့်တင်ကာကွယ်နိုင်ရေးအတွက် ပြည်ပနိုင်ငံများတွင်  အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား နေရပ်သို့ပြန်လည်ခေါ်ဆောင်သည့် လုပ်ငန်းစဉ်ကို မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က  ကြိုဆိုထောက်ခံပါသည်။ 

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

ရက်စွဲ၊ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ  ၆ ရက်

Leave a Reply

Your email address will not be published. Required fields are marked *