FIFA Asean Cup 2026 ပြိုင်ပွဲ မြန်မာအသင်း တီမောအသင်းကို ၂ ဂိုးပြတ်ဖြင့်အနိုင်ရ

FIFA Asean Cup 2026 ပြိုင်ပွဲ Division 2 အုပ်စု(B)ပွဲစဉ်အဖြစ် မြန်မာ့လက်ရွေးစင်အသင်းနှင့် တီမောလက်စ်တေအသင်းတို့ စက်တင်ဘာ ၂၄ ရက် ည  ၆  နာရီခွဲတွင် ဟောင်ကောင်၌ ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာအသင်းက တီမောအသင်းကို ၂ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။

ယနေ့ပွဲစဉ်တွင် မြန်မာအသင်းသည် ဘောလုံးပိုင်ဆိုင်မှုအသာဖြင့် တီမောအသင်းခံစစ်ကို အဆက်မပြတ်ဖိအားပေးထိုးဖောက်ကစားနိုင်ခဲ့သည်။  မြန်မာအသင်းအတွက် ဦးဆောင်ဂိုးကို ပထမပိုင်းပွဲချိန် ၁၉ မိနစ်တွင် တိုက်စစ်မှူး ဝင်းနိုင်ထွန်း က သွင်းယူပေးခဲ့ပြီး ဒုတိယအနိုင် ဂိုးကို ပွဲချိန် ၇၅ မိနစ်တွင် သန်းပိုင် က သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ မြန်မာအသင်းသည် အုပ်စုဒုတိယ ပွဲစဉ်အဖြစ် စက်တင်ဘာ ၂၇ ရက် တွင် ကမ္ဘောဒီးယားအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး အနိုင် ရရှိပါက ဗိုလ်လုပွဲသို့တက်ရောက် ခွင့်ရမည်ဖြစ်သည်။

ထို့ပြင် ယနေ့ ယှဉ်ပြိုင်ကစားခဲ့ သည့် Division 2 အုပ်စု (A) ပွဲစဉ်တွင် လာအိုအသင်းက ဘရူနိုင်းအသင်း ကို သုံးဂိုး တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ သည်။

FIFA-Asean Cup 2026 ပြိုင်ပွဲ Division 2 အုပ်စု (A) တွင် အိမ်ရှင် ဟောင်ကောင်၊ လာအို၊ ဘရူနိုင်း၊ အုပ်စု (B) တွင် မြန်မာ၊ ကမ္ဘောဒီးယားနှင့် တီမောအသင်းတို့ ကျရောက်လျက် ရှိသည်။နေမျိုး

Leave a Reply

Your email address will not be published. Required fields are marked *