နစကအစိုးရတက်လာပြီး ၂၀၂၁ ခုနှစ်၊ ဧပြီလမှာ အာဆီယံထိပ်သီးအစည်းအဝေးခေါ်ပြီး မြန်မာ့အရေးဆွေးနွေးခဲ့ကြပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိင် တက်ရောက်ပြီး ဘာကြောင့် တိုင်းပြည်တာဝန်ကို တပ်မတော်က လွှပြောင်းရယူခဲ့ရတယ် တစ်နည်းအားဖြင့် ဖွဲစည်းပုံအခြေခံဥပဒေအရ အာဏာကို ခေတ္တထိန်းရတယ်ဆိုတဲ့အကြောင်း အာဆီယံခေါင်းဆောင်တွေကို ရှင်းပြခဲ့ပါတယ်။
အဲဒီအစည်းအဝေးအပြီးမှာ အာဆီယံဘုံသဘောတူညီချက် ၅ ရပ်( Five Points Consensus) ဆိုပြီး အိမ်ရှင်အင်ဒိုနီးရှားက သတင်းစာရှင်းလင်းပွဲလုပ်ပြီး ကမ္ဘာကို အသိပေးခဲ့ပါတယ်။
အမှန်တကယ် မြေပြင်ဖြစ်ရပ်မှန်ကတော့ အဲဒီဘုံသဘောတူညီချက် ၅ ချက်ကို အဲ့ဒီအစည်းအဝေးမှာ ဆွေးနွေးပြောဆိုခြင်းမရှိဘဲ အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲမှာ ကာယကံရှင် မြန်မာနိုင်ငံကို အသိမပေးပဲ ထုတ်ပြန်ခဲ့ခြင်းဖြစ်ပါတယ်။
တစ်နည်းအားဖြင့် အဲ့ဒီ ၅ ချက်ဟာ အစည်းအဝေးသဘောတူညီချက်အရ ထုတ်ပြန်တာမဟုတ်ပဲ အိမ်ရှင်နိုင်ငံရဲ့ အပေါင်းအပါတစ်ချိုက အစည်းအဝေးအပြီးမှာ ကာယကံရှင်မသိပဲ ထုတ်ပြန်ခဲ့လို ဘုံသဘောတူညီချက်မဟုတ်ပါဘူး။
အဲ့ဒီထုန်ပြန်ချက် ၅ ချက်ထဲမှာ နစကအစိုးရ လိုက်ပါလုပ်ဆောင်ရမဲ့ အချက်တွေကို တစ်ဖက်သတ်ဖိအားပေးခိုင်းစေထားတဲ့အချက်တွေ ပါရှိပါတယ်။
ဒါကြောင့်လည်း နစကအစိုးရက အဲ့ဒီ ၅ ချက်ကို မြန်မာနိုင်ငံရဲ့ လက်ရှိဖြစ်ပေါ်တိုးတက်မှုများနဲ့ အချုပ်အခြာအာဏာအရသာ လိုက်နာပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း၊ အကြံပြုချက်များကို လက်ခံသော်လည်း အာဆီယံပဋိညာဉ် မူဘောင်ထဲက မြန်မာနည်း၊ မြန်မာ့ဟန်နဲ့သာ ဖြေရှင်းသွားမှာဖြစ်ကြောင်း တုန့်ပြန်ထားရှိပါတယ်။
ဒါ့အပြင် မေ ၁၅ နေ့က နစက ဥက္ကဋ္ဌကြီးကို လာတွေ့တဲ့ အာဆီယံကိုယ်စားလှယ်ကြီးတွေကို လည်း “မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေမှန်တွေကို သိရှိအောင် လုပ်ဖိုလိုအပ်ကြောင်းနဲ့ နစကအစိုးရအနေနဲ့ အာဆီယံနဲ့ ပူးပေါင်းဆောင်ရွက်မှု” တွေကို ရှင်းလင်းပြောကြားလိုက်ပါတယ်။
ဘုံသဘောတူညီချက်မဟုတ်တဲ့ အာဆီယံရဲ့ ထုတ်ပြန်ချက် ၅ ချက်( Not Five Point Consensus Really ASEAN Statements)အနေနဲ့ အချုပ်အခြာအာဏာပိုင် နိုင်ငံဖြစ်လို မိမိနိုင်ငံရဲ့ တည်ငြိမ်အေးချမ်းရေးနဲ့ လုံခြုံရေးအခြေအနေတွေအပေါ် မူတည်ပြီး ကိုယ်ပိုင်လုပ်ထုံးလုပ်နည်း၊ မြန်မာ့နည်း၊ မြန်မာ့ဟန်(Myanmar-owned and led solution) ဖြင့်သာ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိစေပါတယ်။
ခင်ညိုချော