ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်ရှိ ဆံတော်ရှင် ဆူးလေ စေတီတော် ရွှေထီးတော်၊ စေတီတော်လုံးတော်ပြည့်နှင့် အရံစေတီများအား ရွှေစင်၊ ရွှေပြားနှင့် မျက်ပါးရွှေသင်္ကန်းတော်များ ကပ်လှူပူဇော်ရေးအတွက် ပဉ္စမအကြိမ် အလှူငွေပေးအပ် လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းတွင် အဆိုပါစေတီတော်၌ ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေနှင့် တာဝန်ရှိသူများ၊ ဂေါပကအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူ များနှင့် အလှူရှင်များ တက်ရောက်ကြပြီး ရွှေစင်၊ ရွှေပြားနှင့် မျက်ပါးရွှေသင်္ကန်းတော်များ ကပ်လှူပူဇော်ရေးအတွက် အလှူရှင်များထံမှ ပဉ္စမအကြိမ် လှူဒါန်းရရှိမှုမှာ ရွှေစင် ၇ ကျပ်သား၊ ရွှေစင် ၅ ကျပ် သားရှိ ဝဏ္ဏကျော်ထင်ဘွဲ့တံဆိပ်တစ်ခု၊ အလှူငွေကျပ် ၂၉၄၃၁၄၅၀၀ နှင့် အမေရိကန် ဒေါ်လာ ၁၀၀၀ တို့ရရှိခဲ့တယ်လို့သိရပါတယ်။
Related Posts
သန့်ရှင်းသာယာသောမြို့၊ ရွာများဖြစ်စေရေးအားတက်သရောဆောင်ရွက်
- admin
- November 27, 2022
မြို့နယ်အသီးသီးတို့၌ လည်းကောင်း၊ ဘုရား၊ စေတီပုထိုးများ၊ ဌာနဆိုင်ရာ အဆောက်အဦများ၊ အခြေခံ ပညာကျောင်းများ၊ တက္ကသိုလ်များ၊ ဆေးရုံများ၊ ဘိုးဘွား ရိပ်သာများ၊ ဈေးများ၊ ပန်းခြံများနှင့် လမ်း၊ […]
စစ်တွေမြို့သို မီးသတ်တပ်ဖွဲ့ဝင် (၁၃၁) ဦး ထပ်မံစေလွှတ်
- အေးခင်
- May 22, 2023
ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအား ပိုမိုထိရောက်လျှင်မြန်စွာ စွမ်းအားဖြည့်ဆောင်ရွက်နိုင်ရန် မန္တလေးတိုင်းဒေသကြီးမှ မီးသတ်တပ်ဖွဲ့ဝင်အင်အား(၄၆)ဦး၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်မှ မီးသတ်တပ်ဖွဲ့ဝင် အင်အား(၃၅)ဦး၊ ပေါင်း(၈၁)ဦးသည် နေပြည်တော်အေလာလေဆိပ်မှ တပ်မတော်လေယာဉ်ဖြင့် စစ်တွေမြို့သို မွန်းလွဲ […]
မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လာရောက်ဖူးမြော်သူများနှင့် စည်ကား
- ရှင်ယွန်း
- August 9, 2023
မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား မိဘပြည်သူများလာရောက်ဖူးမြော်နေကြသည့် မြင်ကွင်း