KIA/PDF စခန်းကို တပ်မတော် ဗုံးကြဲရှင်းလင်းရာ အကြမ်းဖက်(၅၀)ခန့် သေဆုံးခဲ့

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်အတွင်းရှိ သောင်းကျန်းသူ KIA/PDF စခန်းကို တပ်မတော်က လေကြောင်းနဲ့ ဗုံးကြဲရှင်းလင်းခဲ့ရာ အကြမ်းဖက်အဖွဲ့ဝင် (၅၀)ခန့် သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ များပြားတယ်လို့ သိရပါတယ်။

စက်တင်ဘာလ (၁၇)ရက်နေ့ ညပိုင်းအချိန်မှာ စစ်သွေးကြွ KIA တပ်ရင်း (၁၂)ရဲ့ စစ်သင်တန်းပေးနေတဲ့ စခန်းကို တပ်မတော်က လေကြောင်းနဲ့ ဗုံးကြဲရှင်းလင်းခဲ့တာ ဖြစ်ပါတယ်။ယင်းသို့ တပ်မတော်က လေကြောင်းနဲ့ ဗုံးကြဲရှင်းလင်းခဲ့တာကြောင့် စစ်သင်တန်း တက်ရောက်နေတဲ့ KIA/PDF အဖွဲ့ဝင် (၅၀)ဦးခန့် ထိခိုက်သေဆုံးခဲ့သလို ဒဏ်ရာရရှိသူတွေ များပြားခဲ့တယ်လို့ သိရပါတယ်။

တပ်မတော်အနေနဲ့ အဆိုပါ KIA စခန်းကို လေယာဉ်နဲ့ ပထမတစ်ကြိမ်ဗုံးကြဲပြီးနောက် (၁၀)မိနစ်ခန့် အကြာမှာ ဂျက်ဖိုက်တာ နှစ်စီးနဲ့ ထပ်မံ ဗုံးကြဲတိုက်ခိုက်တာဖြစ်ပြီး KIA/PDF အဖွဲ့တွေ သေဆုံးတာ မှန်ကန်ကြောင်း KIA အဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံ နော်ဘူက အကြမ်းဖက်မီဒီယာတွေဆီမှာ ဝန်ခံထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *