

လယ်ယာမြေကို အခြားနည်းဖြင့်အသုံးပြုရန်ခွင့်ပြုသည့်ကိစ္စရပ်များအား အလေးထားဆောင်ရွက်ရန် ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ၊ မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ဝင်းသန်း က ယနေ့ စက်တင် ဘာ ၂၄ ရက်မွန်းလွဲပိုင်းတွင်ကျင်းပသည့် ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ၏ ဒုတိယအကြိမ် အစည်း အဝေး၌ မှာကြားခဲ့ခြင်းဖြစ်သည်။
လယ်ယာမြေကို အခြားနည်းဖြင့်အသုံးပြုရန် ခွင့်ပြုသည့်ကိစ္စရပ်များသည် လယ်ယာမြေစီမံခန့်ခွဲမှုနှင့် တိုက်ရိုက်သက်ဆိုင်ပြီး နိုင်ငံတော်၏ စိုက်ပျိုးရေးက ဏ္ဍ၊ စားနပ်ရိက္ခာဖူလုံရေး၊ ဒေသဖွံဖြိုးရေးနှင့် တောင် သူလယ်သမားများ၏ အကျိုးစီးပွားများနှင့်လည်း ဆက်စပ်နေ၍ အလေးထားဆောင်ရွက်ရန် မှာကြားခဲ့သည်။
ထို့နောက် ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ အ တွင်းရေးမှူးက လယ်ယာမြေဥပဒေပုဒ်မ ၃၁ အရ အ ခြားနည်းဖြင့်အသုံးပြုရန် ခွင့်ပြုပြီးသည့်ကိစ္စရပ်များအပေါ် စိစစ်တွေ့ရှိချက်များကို ရှင်းလင်းတင်ပြခဲ့သည်။
ထို့အတူ လယ်မြေနှင့် လယ်မြေမှတစ်ပါး လယ်ယာမြေများအား အခြားနည်းဖြင့် အသုံးပြုရန် လျှောက်ထားလာသည့်ကိစ္စရပ်များနှင့် ခွင့်ပြုမိန့်မရမီ ကြိုတင်အသုံး ပြုထားသည့်လုပ်ငန်းများနှင့်ပတ်သက်၍လည်း ရှင်း လင်းတင်ပြခဲ့သည်။
ထို့ပြင် တက်ရောက်လာကြသည့်အဖွဲဝင်များက လယ် ယာမြေစီမံခန့်ခွဲမှုဆိုင်ရာများကို သက်ဆိုင်ရာကဏ္ဍအ လိုက်ရှင်းလင်းတင်ပြဆွေးနွေးခဲ့ကြသည်။
