- 🍏 ဂွေးသီးထောင်းတို့ ဂွေးသီးငပိချက်တို့ကို ဟင်းလျာထဲမှာ ထည့်စားရင် ထမင်းစားမြိန်တယ် ချဉ်စပ်စပ်လေး လုပ်စားရင် အရသာရှိ လူကြိုက်များတဲ့အသီးဖြစ်ပါတယ်။
- အမှည့်ဆိုရင် မီးကင် မီးဖုတ်ပြီး ငရုပ်သီးနဲ့ထောင်းစားကြပါတယ်။
၁ – ကယ်လ်ဆီယမ် ဓာတ်ကြွယ်ဝစွာ ပါဝင်တဲ့ အသီးဖြစ်ပါတယ် အရည်ရွှမ်းပြီး အမျှင် ဓာတ် ကြွယ်ဝစွာပါဝင်တဲ့အသီးဖြစ်ပါတယ်။ သွေးလည်ပတ်မူကို ကောင်မွန်စေပြီး နလုံး
ရောဂါဖြစ်ပွားမူကို ကာကွယ်ပေးပါတယ်။
၂ -ဗီတာမင် အေ ပါဝင်တဲ့အသီးဖြစ်ပြီး အမြင်အာရုံကို ကြည်လင်စေပါတယ်။
၃ – ဗီတာမင် စီ ပါဝင်လို့ ဘက်တီးရီးယားတွေ ဝင်ရောက်ခြင်းက ကာကွယ်ပေးပါတယ်
အဟာရ ဓာတ်တွေ ကြွယ်ဝစွာပါဝင်တဲ့အသီးဖြစ်ပြီး ကိုယ်ခံအားစနစ်ကောင်းမွန်စေပါ
တယ်။
၄ – #Antioxidants ပါဝင်ခြင်း
ဗီတာမင် အေ ကြွယ်ဝစွာ ပါဝင်သလို Antioxidants တွေ ကြွယ်ဝစွာပါဝင်သည်။
ဗီတာမင် စီ ပါဝင်ပြီး ရောဂါအမျိုးမျိုး ဝင်ရောက်ခြင်းမှ ကာကွယ်ပေးပါသည်။
၅ – ထိ ခိုက် ရှနာ ခြင်းတွေအတွက် အထူးသက်သာစေတဲ့အသီး ဖြစ်ပါတယ်။
၆ – ဗီတာမင် စီ ကြွယ်ဝသလို ပရိုတင်း ဓာတ်တွေလည်းပါဝင်လို့ အိုမင်းရင့်ရော်မူကို ကာကွယ်ပြီး အရွယ်တင် နုပျိုစေပါတယ်။ ဂွေးသီးတစ်ခွက်စာမှာ တစ်နေ့တာ လိုအပ်တဲ့ ဗီတာမင် စီ တစ်ဝက်နီးပါး ပါဝင်ပါတယ်။
၇ – ဂွေးသီးမှာ ကိုယ်လက်ထရော ပါဝင်မူနည်းပြီး သွေးတွင်း ကိုယ်လက်ထရော ပမာဏ
ကိုလည်း ထိန်းချုပ်ပေးနိုင်ပါတယ်။
၈ – ကယ်လ်စီယမ်နဲ့ ဖော့စဖော့ရပ်စ် ပါဝင်လို့ အရိုးကိုကျန်းမာစေပြီး သွားများကို ခိုင်မာစေ။
၉ -အမျှင် ဓာတ်များစွာပါဝင်လို့အစာချေစနစ်ကို ကောင်းမွန်စေ- အူမကြီးလုပ်ငန်းဆောင်တာများကိုကောင်းမွန်စေပါတယ်။ဆီးချို သွေးချို နှလုံးရောဂါဖြစ်နိုင်ချေကို လျော့ချ စေ။
၁၀ – ခန္ဓာကိုယ်အတွင်း အောက်ဆီဂျင် သယ်ယူပို့ဆောင်ဖို့ အတွက် မရှိမဖြစ်လိုအပ်တဲ့ သံဓာတ်ပါဝင်လို့ သွေးအားနည်းရောဂါ ဖြစ်ပွားမူကို ကာကွယ်ပေးပါတယ်။


