စက်တင်ဘာလ ၁၀ ရက်တွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်ရှိ နယ်မြေခံတပ်ရင်း၌ နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် ရှေ့တန်းတာဝန်များ ထမ်းဆောင်ပြီး ပြန်လည်ရောက်ရှိလာသည့် တပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုပွဲ ကျင်းပခဲ့ပါသည်။
အခမ်းအနားတွင် တာဝန်ရှိသူများနှင့် ဒေသခံတိုင်းရင်းသားပြည်သူများက ရိုးရာအကအခုန်၊ အတီးအမှုတ်များဖြင့် နွေးထွေးစွာ ကြိုဆိုဂုဏ်ပြုခဲ့ကြပြီး ဒုတိယတိုင်းမှူး ဗိုလ်မှူးကြီး အောင်ကျော်သက် က ဂုဏ်ပြုအမှာစကားပြောကြားကာ ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ပါသည်။






