နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ်ရောက်ရှိ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် သည် ကမ္ဘောဒီးယားနိုင်ငံ ဘုရင်မင်းမြတ် ပရယ်ဘတ် ဆမ်ဒက် ပရယ် ဘိုရိုနစ် နိုရိုဒွန် သီဟာမိုနီ၏ ဖိတ်ကြားချက်အရ ကမ္ဘောဒီးယားနိုင်ငံသိုနိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ်အဖြစ် ယနေ့ နံနက်ပိုင်းတွင် အထူးလေယာဉ်ဖြင့် ထွက်ခွာလာခဲ့ရာ ဖနွမ်းပင်မြိုရှိ Techo အပြည်ပြည်ဆိုင်ရာလေဆိပ်သိုရောက်ရှိသည်။

နိုင်ငံတော်သမ္မတ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲအား လေဆိပ်၌ ကမ္ဘောဒီးယားနိုင်ငံမှ အဆင့်မြင့်တာဝန်ရှိသူများနှင့် ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီး၊ စစ်သံမှူး၊ မြန်မာသံရုံးနှင့် စစ်သံရုံးတို့မှဝန်ထမ်းများ၊ မိသားစုဝင်များက ကော်ဇောနီတစ်လျှောက် ဂုဏ်ပြုတပ်ဖွဲ့ဖြင့် နွေးထွေးစွာကြိုဆိုကြသည်။

Leave a Reply

Your email address will not be published. Required fields are marked *