နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား ကမ္ဘောဒီးယားနိုင်ငံ ယာယီနိုင်ငံတော်အကြီးအကဲ ဆမ်ဒက်ဟွန်ဆင်က ဂုဏ်ပြုကြိုဆို

ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ်(State Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲအား  ယနေ့ စက်တင်ဘာ ၁၁ ရက် နံနက်ပိုင်းတွင် ကမ္ဘောဒီးယားနိုင်ငံ အထက်လွှတ်တော်ဥက္ကဋ္ဌ(ယာယီနိုင်ငံတော်အကြီးအကဲ) ဆမ်ဒက်ဟွန်ဆင်က ကမ္ဘောဒီးယားနိုင်ငံ၊ အထက်လွှတ်တော်ရှိ ညီညွတ်ရေးနန်းတော်၌ နိုင်ငံတော်အဆင့် ဂုဏ်ပြုကြိုဆိုပွဲအခမ်းအနားဖြင့် ဂုဏ်ပြုကြိုဆိုသည်။

ဦးစွာ အခမ်းအနားကျင်းပပြုလုပ်မည့်နေရာသို နိုင်ငံတော်သမ္မတ ရောက်ရှိလာရာ ကမ္ဘောဒီးယားနိုင်ငံ နိုင်ငံတော်ယာယီအကြီးအကဲက လှိုက်လှဲနွေးထွေးစွာ ကြိုဆိုသည်။

ယင်းနောက် နိုင်ငံတော်သမ္မတနှင့် ကမ္ဘောဒီးယားနိုင်ငံ နိုင်ငံတော်ယာယီအကြီးအကဲတိုသည် အလေးပြုခံစင်မြင့်ထက်တွင် တက်ရောက်နေရာယူကြပြီး ဂုဏ်ပြုတပ်ဖွဲ့က နှစ်နိုင်ငံ နိုင်ငံတော်သီချင်းများဖြင့် တီးမှုတ်ဂုဏ်ပြုအလေးပြုခြင်းကိုခံယူသည်။

Leave a Reply

Your email address will not be published. Required fields are marked *