ဗိုလ်ကြီး သူရ ချမ်းငြိမ်းကျော်..
ဗိုလ်ကြီး သူရ ချမ်းငြိမ်းကျော်ကို ၃၀-၆-၁၉၈၇ ရက်တွင် အင်္ဂပူမြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီးတွင် မွေးဖွားခဲ့ပါသည်။ စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၄၉)တွင် သင်တန်း တက်ရောက်ခဲ့ပြီးနောက် တပ်စုမှူးနှင့် တပ်ခွဲမှူးတာဝန်များကို ခြေလျင်/ခြေမြန်တပ်ရင်း၊ တပ်ရင်း/တပ်ဖွဲ့များတွင် အသီးသီးတာဝန်ထမ်းဆောင်ခဲ့ပါသည်။
🎖(သူရဘွဲ့ရရှိခဲ့မှု)🎖
အရာရှိသည် အမှတ် (၄) ခြေမြန်တပ်ရင်းတွင် တပ်ခွဲမှူးတာဝန်ထမ်းဆောင်နေစဉ် ၂၁-၂-၂၀၁၅ ရက် ၁၂၃၀ နာရီမှ ၂၅-၂-၂၀၁၅ ရက် ၁၆၃၀ နာရီမှ ၁၈၂၀ နာရီအထိ ဖြစ်ပွားခဲ့သော ၁၈ မိုင်တိုက်ပွဲ၊ ယုစပွန်တောင်ကုန်း ခန့်မှန်းမြေပုံညွှန်း(အမ်ဂျီ——)၊ နတ်စင်ကုန်းခန့်မှန်းမြေပုံညွှန်း(အမ်ဂျီ——)နှင့် ၂၃ မိုင်တိုက်ပွဲ ခန့်မှန်းမြေပုံညွှန်း(အမ်ဂျီ——) တိုက်ပွဲများတွင် MNDAA အကြမ်းဖက် သောင်းကျန်းသူများအင်အား ၄၀၀ ဦးခန့်ဖြင့် တိုက်ပွဲများဖြစ်ပွားခဲ့ရာ ရန်သူ့ကာကင်းကုန်း၊ ရန်သူ့ခြေကုပ်နေရာများအား အတင်းဝင်ရောက်ထိုးဖောက်တိုက်ခိုက်သဖြင့် အဆင့်ဆင့် သိမ်းပိုက်နိုင်ခဲ့ပါသည်။
၂၃ မိုင်တိုက်ပွဲ၌ အရာရှိသည် မိမိ၏ပွိုင့်တပ်စိတ်အား စစ်ကြောင်း/တပ်ခွဲများနှင့် ဖြတ်တောက်ပိတ်ဆို့ရန်အတွက် ရန်သူမှကြိုးစားသည်ကို သတိထားမိကာ ရှေ့ပြေးပွိုင့်တပ်စုများအား ကာပစ်ပစ်စေပြီး လက်ရွေးစင်ကွန်မန်ဒိုတပ်စိတ် ထုတ်နုတ်၍ ရန်သူ့ပိတ်ဆို့ဖြတ်တောက်မှုကို ဝိုင်းပတ်ချေမှုန်းနိုင်ရေး စွမ်းစွမ်းတမံ ကြိုးစားဆောင်ရွက်ခဲ့ပါသည်။
အရာရှိသည် အဆိုပါတိုက်ပွဲအတွင်း ကျဆုံးသွားသည့် စစ်သည် ၂ ဦးထံသို့ ချဉ်းကပ်စဉ် ရန်သူ့ပစ်ခတ်မှုကြောင့် ဘယ်ပေါင်ရင်းမှဆီးခုံသို့ လက်နက်ငယ် ကျည်ဆန်ဖောက်ထွက်ကာ နေရာတွင်ပင် အသက်ပေးကျဆုံးခဲ့သည့်အတွက် ဗိုလ်ကြီး ချမ်းငြိမ်းကျော် ကို နိုင်ငံတော်က သူရဘွဲ့ချီးမြှင့်ခဲ့ပါသည်။
(အကျဉ်းမျှသာ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်)
တိုက်ပွဲသတင်းစုံ
