ဩဂုတ် ၉ ရက် (ယမန်နေ့) မနက်ပိုင်းအချိန်တွင် ဗန်းမော်မြို့၊ နောင်ခိုရပ်ကွက်အတွင်း နယ်မြေရှင်းလင်းရာ အကြမ်းဖက် KIA/AA ၂၅ ဦးခန့်ဖြင့် ထိတွေ့မှုဖြစ်ပွားပြီး ရန်သူဆုတ်ခွာသွားခဲ့။ ဖြစ်စဉ်တွင် မိမိထိခိုက်မှုမရှိ၊ ရန်သူ့ထံမှ –
(၁) အကြမ်းဖက် KIA/AA ၂ လောင်း
(၂) KA သေနတ် ၁ လက်
(၃) ကျည်အိမ် ၁ ခု၊ ကျည် ၂၀ တောင့်
(၄) လက်ပစ်ဗုံး ၃ လုံး
(၅) ကျည်ကာဦးထုပ် ၁ လုံး
(၆) အိုင်ကွန် ၁ လုံး တို့အား သိမ်းပိုက်ရရှိခဲ့သည်။
ဗန်းမော်မြို့လေဆိပ်အနီးတွင် နယ်မြေရှင်းလင်းစဉ် အကြမ်းဖက် KIA အဖွဲ့ငယ်များဖြင့် ထိတွေ့မှု (၅)ကြိမ်ခန့်ဖြစ်ပွားပြီး နယ်မြေရှင်းစစ်ကြောင်းများက အဆင့်ဆင့်ချေကုပ်ယူ ရှင်းလင်းလျက်ရှိ။ ဖြစ်စဉ်တွင် မိမိထိခိုက်မှုမရှိ၊ ရန်သူ့ထံမှ –
(၁) အကြမ်းဖက် KIA ၃ လောင်း
(၂) M-22 သေနတ် ၄ လက်
(၃) ကျည်အိမ်/ကျည်ဆန်များ
(၄) ဘန်ကာများ သိမ်းပိုက်ရရှိခဲ့သည်။
ဗန်းမော်၊ နန့်ဖားဒေသတွင် နယ်မြေရှင်းလင်းစစ်ကြောင်းများနှင့် အကြမ်းဖက် KIA/PDF ၃၀ ဦးခန့်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး ရန်သူဆုတ်ခွာသွားခဲ့။ ဖြစ်စဉ်တွင် မိမိစစ်သည် ၁ ဦး ဒဏ်ရာရရှိပြီး ရန်သူ့ထံမှ –
(၁) အကြမ်းဖက် KIA/AA ၁ လောင်း
(၂) M-22 သေနတ် ၂ လက်
(၃) ကျည်အိမ်/ကျည်ဆန်များ
(၄) မိုင်းမျိုးစုံ ၄ လုံး
(၅) ဆက်ကြေးဘောက်ချာ ၁ အုပ် တို့အား သိမ်းပိုက်ရရှိခဲ့သည်။
ညနေပိုင်းအချိန်တွင် ဗန်းတက္ကသိုလ်နှင့် ကျွန်းကုန်းရွာနေရာများအား အကြမ်းဖက် KIA အဖွဲ့က လက်နက်ကြီး ၁၀ လုံး ပစ်ခတ်တိုက်ခိုက်သဖြင့် ချေမှုန်းရေးစစ်ကြောင်းများက လိုက်လံရှင်းလင်းရာ ထိတွေ့မှုဖြစ်ပွားခဲ့။ ဖြစ်စဉ်တွင် မိမိစစ်သည် ၁ ဦး ဒဏ်ရာရရှိပြီး ရန်သူ့ထံမှ –
(၁) အကြမ်းဖက် KIA ၁ လောင်း
(၂) ၆၀ မမ (တရုတ်) စိန်ပြောင်း ၂ လက်
(၃) ဗုံးသီး ၅ လုံး
(၄) KA သေနတ် ၁ လက် တို့အား သိမ်းပိုက်ရရှိခဲ့သည်။
Congratulations ပါ ဗန်းမော်မြေမှ သူရဲကောင်းများ 🏆🏆🏆

