TNLA / DPLA/MDY PDF များအစုလိုက်အပြုံလိုက် တပ်မတော်ထံ လက်နက်ချ အလင်းဝင်ရောက်လာ

နောင်ချိုမြို့တိုက်ပွဲမှာ အကြီးအကျယ်စစ်ရှုံးသွားတဲ့
TNLA အဖွဲ့က အတင်းအဓမ္မ တပ်သားသစ်စုဆောင်းထားတဲ့ ပလောင်လူငယ်တွေအများအပြားကတော့ နောင်ချိုနဲ့ပြင်ဦးလွင်မှာရှိတဲ့ တပ်မတော် စစ်ကြောင်းတွေဆီကို အလင်းဝင်ရောက်လာတဲ့ သတင်းကောင်းတွေ ကြားရပါတယ်။

TNLA ကိုဆရာတင်ထားတဲ့ အဖွဲ့တွေဖြစ်တဲ့ ဓနု DPLA နဲ့ ဗမာငတုံး MDY PDF တွေကလည်း ဆရာဖြစ်သူ TNLA စစ်ရှုံးပြီး အခြေအနေမကောင်းဘဲသူတို့ကို ထားပြီး ပြေးတော့ စိတ်ဓါတ်မှန်ကို နားလည်သွားပုံပါပဲ။ အကြမ်းဖက် TNLA အဖွဲ့က သူတို့ကို အသေခံတပ်သားတွေအဖြစ်သာ သဘောထားတဲ့ အဖြစ်အမှန်ကိုသိသွားပြီး အစုလိုက်အပြုံလိုက်ထွက်ပြေးတာတွေရှိကြသလို စစ်ကြောင်းတွေကို
ဆက်သွယ်ပြီး လက်နက်ချ အလင်းဝင်တာတွေလည်း ရှိလာပါတယ်။

နောင်ချိုရှေ့တန်းတပ်တွေကနေ သတင်းကြားရတာကတော့ တပ်ပျက်ပြီး ထွက်ပြေးလာတဲ့ TNLA တပ်ဖွဲ့ဝင်တွေထဲမှာ လူသစ်စုထားတဲ့ လူငယ်တွေပါဝင်ပြီး
တပ်မတော်စစ်ကြောင်းတွေကို လက်နက်ချဖို့အတွက် ရပ်မိရပ်ဖတွေကတစ်ဆင့် ဆက်သွယ်လာတယ်လို့ဆိုပါတယ်။ အဆိုပါ တပ်ဖွဲ့တွေဟာ TNLA က ၄င်းတို့ ဆုတ်ခွါရာမှာ ဟန့်စစ်ဆင်ဖို့ အသေခံထားခဲ့တဲ့ ပလောင်လူငယ် ဓနုလူငယ်နဲ့ ဗမာ PDF အဖွဲ့ဝင်တွေအများစု ဖြစ်ပါတယ်။

တပ်မတော်စစ်ကြောင်းတွေဟာ ဒီလိုဆက်သွယ်လာတဲ့သူတွေကို ကောင်းမွန်စွာ ပြန်လည်လက်ခံပြီး ၄င်းတို့ အပ်နှံတဲ့ လက်နက်များကို သိမ်းဆည်းကာ ဆုငွေများပြန်ပြီးချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ဒီလို ပြန်ရောက်လာတဲ့သူတွေကို မိဘရဲ့ရင်ခွင်မှာ လုံလုံခြုံခြုံ နေထိုင်နိုင်ပြီး အလုပ်အကိုင်တွေရရှိအောင် ရပ်မိရပ်ဖတွေနဲ့ အစိုးရအဖွဲ့ဝင်တွေက ဆောင်ရွက်ပေးသွားဦးမှာပဲဖြစ်ပါတယ်။

လက်နက်ခဲယမ်းနဲ့အတူ အလင်းဝင်လာတဲ့သူတွေကို သေနတ်တစ်လက်ကို သိန်း ၅၀ ၊ လက်ပစ်ဗုံး ၁ လုံးကို ၃ သိန်း၊ ကျည်ဆံ ၅၀ တောင့်ကို ၂ သိန်းနှုန်းနဲ့ တပ်မတော်နဲ့ အစိုးရက ထိုက်ထိုက်တန်တန်ဆုချီးမြင့်တယ်လို့လည်းသတင်းကောင်းတွေကြားသိရပါတယ်

ဒါကြောင့် ဆုငွေလည်းရ မိဘရဲ့ရင်ခွင်ကိုလည်းပြန်ရောက် မိမိရဲ့ဘဝမျှော်လင့်ချက်တွေမဆုံးရှုံးစေဖို့အတွက် တောတွင်းရောက်လူငယ်တွေ အမြင်မှန်တွေရရှိပြီး အလင်းဝင်ရောက်လာကြဖို့ထပ်မံဖိတ်ခေါ်
လိုက်ရပါတယ်

Aung Shinn

Leave a Reply

Your email address will not be published. Required fields are marked *