ပူတင်နှင့်အမေရိကန်ကိုယ်စားလှယ်တို့၏ ဆွေးနွေးပွဲထိရောက်မှုရှိ‌

ရုရှားသမ္မတဗလာဒီမာပူတင်နဲ့ အမေရိကန် အထူးကိုယ်စားလှယ်တွေဖြစ်တဲ့ စတိဝစ်ကော့၊ ဂျဲရက်ကူရှနာတို့ မော်စကိုမှာတွေ့ဆုံခဲ့တဲ့ ဆွေးနွေးပွဲဟာ ပွင့်လင်းမြင်သာမှုရှိပြီး ထိရောက်မှုရှိကြောင်း ရုရှားသမ္မတရုံးမှအကြံပေးပုဂ္ဂိုလ် ယူရီအူရှာကော့က စက်တင်ဘာလ ၆ ရက်နံနက်ပိုင်းမှာ ပြောပါတယ်။

သုံးနာရီကျော်ကြာမြင့်ခဲ့တဲ့ ဒီဆွေးနွေးပွဲမှာ ယူကရိန်းပဋိပက္ခကို နိုင်ငံရေး၊ သံတမန်ရေးနည်း လမ်းတွေနဲ့အဖြေရှာဖို့ ရုရှားဘက်က အသင့်ရှိကြောင်း ပူတင်ကထပ်လောင်းပြောပါတယ်။ ဒါ့အပြင် စစ်ပွဲနယ်မြေအတွင်း ရုရှားတပ်မတော်ရဲ့ လက်ရှိတိုးတက်မှုတွေကို ရှင်းလင်းပြခဲ့သလို၊ ပဋိပက္ခရဲ့ အဓိကအရင်း အမြစ်ဖြစ်တဲ့ အကြောင်းရင်းတွေကို  ပယ်ဖျက်ဖို့လိုအပ်ကြောင်းလည်း ထောက်ပြခဲ့ပါတယ်။

ယူကရိန်းအရေးအပြင် နှစ်နိုင်ငံစီးပွားရေးဆိုင်ရာ အပြန်အလှန်အကျိုးပြုမယ့် စီမံကိန်းကြီးတွေကိုပါ အခုဆွေးနွေးပွဲမှာ အသေးစိတ်ဆွေးနွေးခဲ့ကြတာပါ။ အမေရိကန်ကိုယ်စားလှယ်တွေအနေနဲ့ ယူကရိန်းကိုရောက်ရှိချိန်မှာ ပူတင်ရဲ့သတင်းစကားတွေကို တိုက်ရိုက်လက်ဆင့်ကမ်းပြောပေးသွားမှာ ဖြစ်တယ်လို့ဆိုပါတယ်။ ဒါ့အပြင် နှစ်နိုင်ငံခေါင်းဆောင်နှစ်ဦးကြား ပုဂ္ဂိုလ်ရေးဆက်သွယ်မှုတွေကိုလည်း ဆက်လက်ထိန်းသိမ်းသွားမယ်လို့သိရပါတယ်။ Ref: Xinhua

Leave a Reply

Your email address will not be published. Required fields are marked *