ညောင်တုန်းမြို့နယ်ဂန်ချောင်းကျေးရွာအနီးညောင်တုန်းကျွန်းတာ(ဧရာဝတီမြစ်ခွဲ)တာကိုယ်ထည်တိုက်စားခံရမှုတားဆီးကာကွယ်ရေးလုပ်ငန်းများအင် တိုက်အားတိုက် ဆက်လက်ဆောင်ရွက်ပေးလျက်ရှိ

ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၊ ဂန်ချောင်းကျေးရွာအနီး ညောင် တုန်းကျွန်းတာ(ဧရာဝတီမြစ်ခွဲ) တာမိုင် ၁၁/၆ နှင့် ၁၁/၇ ကြားနေရာ၌ တိုးမြစ်၏ မြစ်ကမ်း ရေတိုက်စားမှုကြောင့် ညောင်တုန်းကျွန်းတာ (ဧရာဝတီမြစ်ခွဲ) တွင် ဩဂုတ် ၂၅ရက် နံနက်ပိုင်းမှစ၍ အလျား (၃၀၀)ပေ၊ အနံ (၄၅) ပေခန့် တာကိုယ်ထည်တိုက်စား ကာ အိပဲ့ကျမှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။ 

ထိုသို့ တာကိုယ်ထည်တိုက်စားခံရမှုအပေါ်ယာယီကာကွယ်နိုင်ရန်အတွက် တာကိုယ်ထည်တိုက်စားမှု ဖြစ်ပေါ်ခဲ့သည့်နေရာအားတာမိုင် (၁၁/၅)နှင့် (၁၁/၆)ကြားယာယီပန်းတာ တည်ဆောက်ခြင်း၊ ဆည်မြောင်းမူရင်းတာ တာမိုင်(၁၁/၆ + ၃၀၀) မှ (၁၁/၇ + ၆၀၀) အတွင်းခန့်မှန်းလျာထားအလျား (၇၀၀)ပေ အားသဲအိတ်များဖြင့် တာခြေထောက်ခြင်း၊ ဆည်မြောင်းတာ အတွင်းဘက်ခြမ်းတာမိုင် (၁၁/၆ + ၃၀၀) မှ တာ မိုင် (၁၁/၇ + ၆၀၀)ထိ ပန်းတာတည်ဆောက်ခြင်း၊ မြစ်ကမ်းထိန်းလုပ်ငန်းဖြစ်သည့် porcupine  ချထားခြင်း၊ ကမ်းပြိုကာကွယ်ရေးသုံး Geotextine ခင်းခြင်း၊ Steel Cable Groyne  ၂-ချောင်းဆောင်ရွက်ခြင်းနှင့် ရေလည်သောင်တူးခြင်းလုပ်ငန်းများကိုနယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများပူးပေါင်း၍စက်ယန္တရားများဖြင့် အင်တိုက်အားတိုက်အရှိန်အဟုန်မြှင့်ဆက်လက်ဆောင်ရွက်လျက်ရှိသည်။ 

ထိုသို့ ဆောင်ရွက်နေမှုများကိုရန်ကုန်တိုင်းစစ်ဌာနချုပ်မှတာဝန်ရှိသူများက သွားရောက်ကြည့်ရှုပြီးလိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *