ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၂၈)သို့ တက်ရောက်မည့် နိုင်ငံ့သားကောင်းရတနာများအား ကြိုဆို

ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၂၈)သို့တက်ရောက်ကြမည့်ရှမ်းပြည်နယ်အတွင်းရှိနိုင်ငံ့သားကောင်းရတနာများအားကြိုဆိုပွဲကို စက်တင်လာလ ၆ ရက်နံနက်ပိုင်းတွင်ကျိုင်းတုံမြို့ရှိ နယ်မြေခံသင်တန်းကျောင်း၌ ပြုလုပ်ရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင် များနှင့် တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များ တက်ရောက်ကြသည်။

ဦးစွာ တက်ရောက်လာကြသူများက ပြည်သူ့စစ်မှုထမ်း သင်တန်း အမှတ်စဉ် (၂၈)သို့ တက်ရောက်ကြမည့် နိုင်ငံ့သားကောင်းရတနာများအား အောင်သပြေပန်းများ၊စားသောက်ဖွယ်ရာများဖြင့်သောင်းသောင်းဖြဖြကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက်တာဝန်ရှိသူများကအဆိုပါသင်တန်းသို့တက်ရောက်မည့်နိုင်ငံ့သားကောင်းရတနာများအားလိုအပ်သည့်စုဖွဲ့ပြင်ဆင်မှုများနှင့်အုပ်ချုပ်မှုကိစ္စရပ်များကိုဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်းသတင်းရရှိသည်။(

Leave a Reply

Your email address will not be published. Required fields are marked *