ဗိုလ်ချုပ်ကြီး ရဲဝင်းဦး စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၆၉)နှင့် တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၂၉)တို့မှ ဗိုလ်လောင်း၏ စစ်လက်ရုံးရွေးချယ်ပွဲများသို့ တက်ရောက်စိစစ်ရွေးချယ်

Moe Zaw Oo

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး သည် ယနေ့နံနက်ပိုင်းနှင့် မွန်းလွှဲပိုင်းတို့တွင် ပြင်ဦးလွင်မြို့ရှိ စစ်တက္ကသိုလ်နှင့် တပ်မတော်နည်းပညာတက္ကသိုလ်တို့ ၌ပြုလုပ်သည့် စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၆၉)နှင့် တပ်မတော်နည်း ပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၂၉)တို့၏ စစ်လက်ရုံးရွေးချယ်ပွဲသို့ တက်ရောက်စိစစ်ရွေးချယ်သည်။

    အဆိုပါ စစ်လက်ရုံးရွေးချယ်ပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်(ရေ)၊ ကာကွယ်ရေးဦးစီးချုပ်(လေ)၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ သက်ဆိုင်ရာကျောင်းအုပ်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ဗိုလ်လောင်းများအား တစ်ဦးချင်းစီ တွေ့ဆုံမေးမြန်း၍ စာပေပညာ၊ စစ်ပညာဘာသာရပ်အလိုက် ထူးချွန်ထက်မြက်မှု၊ ဝါသနာ နှင့်ကြိုးစားအားထုတ်မှုများ၊ နည်းပညာဘာသာရပ်ပိုင်းဆိုင်ရာများနှင့် လေ့ကျင့်ရေးပိုင်းဆိုင်ရာတို့တွင် နှစ်အလိုက်ထူးချွန်ထက်မြက်မှု၊ စည်းကမ်းလိုက်နာမှုနှင့် ၎င်းတို့စိတ်ပါဝင် စားမှုများအပေါ်မူတည်၍ သင့်လျော်သည့် တပ်မတော်(ကြည်း၊ရေ၊လေ)စစ်လက်ရုံး အသီးသီးအတွက် စိစစ်ရွေးချယ်ပေးခဲ့ကြသည်။        

     ထို့အပြင်  တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တပ်မတော်အရာရှိကြီးများသည် စစ်တက္ကသိုလ်အနော်ရထာတပ်ရင်းရှိဗိုလ်လောင်းစားရိပ်သာ၌ သင်တန်းသားဗိုလ်လောင်း များနှင့်အတူ နေ့လယ်စာကို အတူတကွသုံးဆောင်ခဲ့ကြပြီး ဗိုလ်လောင်းများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *