စစ်ဆင်ရေးတာဝန်များကို စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ပြီး ရွပ်ရွပ်ချွံချွံတိုက်ပွဲဝင်ခဲ့သော ရှေ့တန်းပြန်နိုင်ငံ့သားကောင်း တပ်မတော်သားများအား ဝမ်းမြောက်စွာ သောင်းသောင်းဖြဖြဂုဏ်ပြုကြိုဆို

နိုင်ငံတော်တည်ငြိမ်ရေးနှင့်  နယ်မြေအေးချမ်းသာယာရေးအတွက် ရှေ့တန်းစစ်မျက်နှာများတွင် နယ်မြေလုံခြုံရေးတာဝန်များကိုထမ်းဆောင်၍ ပြန်လည်ရောက်ရှိလာသော ရှေ့တန်းပြန်နိုင်ငံ့သားကောင်း တပ်မတော်သားများအားဂုဏ်ပြုကြိုဆိုခြင်းအခမ်းအနားကို  ဩဂုတ်လ ၁၀ ရက်တွင် ကယားပြည်နယ်၊  လွိုင်လင်လေးမြို့ရှိ နယ်မြေခံတပ်ရင်း၌ပြုလုပ်ရာ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ လွိုင်ကော်တပ်နယ်မှ တာဝန်ရှိသူများ၊  အရာရှိ၊ စစ်သည်၊ မိသားစု ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံတိုင်းရင်းသားပြည်သူများ၊ ဆရာ၊ ဆရာမများ၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအကအဖွဲ့များ တက်ရောက်ကြသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိတိုင်းရင်းသားပြည်သူများ စိတ်အေးချမ်းသာစွာနေထိုင်လုပ်ကိုင်စားသောက်နိုင်ရေးနှင့်အသက်အိုးအိမ်စည်းစိမ်ဥစ္စာလုံခြုံမှုရှိစေရေး၊ နိုင်ငံတော်တည်ငြိမ်ရေး၊  နယ်မြေအေးချမ်းသာယာရေးအတွက် ရှေ့တန်းစစ်မျက်နှာများတွင် စစ်ဆင်ရေးတာဝန်များကို မိဝေးဖဝေး၊ မိသားစုများနှင့်ဝေးကွာ၍ နေ့မအားညမအားစွမ်းစွမ်းတမံတာဝန်ထမ်းဆောင်ခဲ့သော ရှေ့တန်းပြန်တပ်မတော်သားများအားတာဝန်ရှိသူများက အောင်သပြေခက်ကမ်း၍လည်းကောင်း၊ ပန်းကုံးများစွပ်၍လည်းကောင်း ဂုဏ်ပြုကြိုဆိုပြီး ဒေသခံတိုင်းရင်းသားပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများက အိုးစည်၊ ဒိုးပတ်၊ အတီးအမှုတ်၊  အကအခုန်များဖြင့် သောင်းသောင်းဖြဖြဂုဏ်ပြုကြိုဆိုခဲ့ကြကြောင်း သတင်းရရှိသည်။  

Leave a Reply

Your email address will not be published. Required fields are marked *