တပ်မတော်စစ်ကြောင်းများက ချောင်းဦး – ရေစကြို လမ်းကြောင်းတစ်လျှောက် နယ်မြေလုံခြုံရေးလုပ်ငန်းများဆက်လက်ဆောင်ရွက်၊ အကြမ်းဖက်သောင်းကျန်းသူများ အခိုင်အမာတည်ဆောက်ထားသည့် ကွန်ကရစ်မြေအောက်ဘန်ကာများတွေ့ရှိ

PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့၏ တောင်ဘက်၊ ချောင်းဦး – ရေစကြိုသွားကားလမ်းဘေးရှိ ငါးလုံးတင်ကျေးရွာအတွင်းသို့ လက်နက်အားကိုးဖြင့် အတင်းအဓမ္မဝင်ရောက်၍ ပြည်သူလူထု၏နေအိမ်များ၊ ဘာသာရေးဆိုင်ရာအဆောက်အအုံများကို စစ်စခန်းအဖြစ် အသုံးပြုပြီး ကျေးရွာဒေသခံပြည်သူများအား လူသားတံတိုင်းအဖြစ်အသုံးချကာ မုံရွာ-စစ်ကိုင်းနှင့် ချောင်းဦး-ရေစကြို ဆက်သွယ်ရေးလမ်းကြောင်းများပေါ်၌ အကြမ်းဖက်လုပ်ငန်းများကို နည်းလမ်းမျိုးစုံဖြင့် လုပ်ဆောင်လျက်ရှိရာ အဆိုပါအကြမ်းဖက် သောင်းကျန်းသူအဖွဲ့များအား တပ်မတော်စစ်ကြောင်းများက ဇွန်လ ၉ ရက်တွင် အပြီးတိုင် တိုက်ခိုက်ချေမှုန်းနိုင်ခဲ့ကြောင်းကို သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။

တပ်မတော်စစ်ကြောင်းများသည် ငါးလုံးတင်ကျေးရွာအတွင်း နယ်မြေလုံခြုံရေးလုပ်ငန်းများကို အသေးစိတ်ဆက်လက်ဆောင်ရွက်ခဲ့ရာ ငါးလုံးတင်ရွာ၏ အရှေ့ဘက် မီတာ ၄၀၀ ခန့်အကွာ လယ်ကွင်းအတွင်းရှိ အဆောက်အအုံ၏ မြေအောက်တွင်  အကြမ်းဖက်သောင်းကျန်းသူများ အခိုင်အမာဆောက်လုပ်ထားသည့် ကွန်ကရစ်မြေအောက်ဘန်ကာ တစ်ခုအားတွေ့ရှိခဲ့ရသည်။

Leave a Reply

Your email address will not be published. Required fields are marked *