မြိုင်မြို့နယ်၊ လက်ပံတို-ကျောက်ခွက်ရေနံမြေနယ်မြေ တဲကြီးကျေးရွာအနီးဝန်းကျင်ရှိ တရားမဝင်ရေနံတူးဖော်လုပ်ကိုင်နေသည့် ရေနံတွင်းများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖော်ထုတ်ရှင်းလင်း

အကြမ်းဖက် သောင်းကျန်းသူများအနေဖြင့် ၎င်းတို့၏ကိုယ်ကျိုးစီးပွားအတွက် နိုင်ငံတော်၏အဖိုးတန်သယံဇာတပစ္စည်းများ တရားမဝင်တူးဖော်လုပ်ကိုင်၍ ၎င်းမှရရှိသည့်ငွေကြေးများဖြင့် လက်နက်ခဲယမ်းများမှောင်ခိုဝယ်ယူကာ အင်အားတိုးချဲ့တည်ဆောက်ပြီး အဖျက်အမှောင့်လုပ်ငန်း များကို လုပ်ဆောင်လျက်ရှိသည်။                     

ထို့ကြောင့်တပ်မတော်စစ်ကြောင်းများကဒေသခံပြည်သူများ၏ တိကျသောသတင်းပေးပို့မှုများအရ မြိုင်မြို့နယ်၊လက်ပံတို-ကျောက်ခွက်ရေနံမြေနယ်မြေ တဲကြီးကျေးရွာအနီး တရား မဝင်ရေနံတူးဖော်လုပ်ကိုင်၍ ဒေသခံပြည်သူ များအပေါ် အနိုင်ကျင့်ဗိုလ်ကျစိုးမိုးနေသော PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူများ၏ နေရာများကို လုံခြုံရေးလုပ်ငန်းများဆောင်ရွက်၍ တရားမဝင်ရေနံတူးဖော်ချက်လုပ်ရာနေရာများကိုမီးရှို့ဖျက်ဆီးခြင်းများဆောင်ရွက်ခဲ့သည်။

မကွေးတိုင်းဒေသကြီးအတွင်း နယ်မြေလုံခြုံရေးလုပ်ငန်းများဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် မြိုင်မြို့နယ်အတွင်း အကြမ်းဖက်သောင်းကျန်းသူများ အနေဖြင့်တရားမဝင်ရေနံတွင်းတူးဖော်ချက်လုပ်ခြင်းဆောင်ရွက်နေကြောင်းနှင့် ဒေသခံများ၏ လက်ယက်တွင်းများဖြင့် ရေနံတူးဖော်ခြင်းလုပ်ငန်းမှ ဆက်ကြေးကောက်ခံနေ ကြောင်း တာဝန်သိပြည်သူများ၏ သတင်းပေးပို့မှုအရလိုအပ်သည့် ရှာဖွေစစ်ဆေးမှုများ စတင်ဆောင်ရွက်ခဲ့ရာ ဩဂုတ် ၃၁ ရက်တွင် (၁)နေရာ၊ စက်တင်ဘာ ၃ ရက်တွင် (၂) နေရာ၊ စက်တင်ဘာ ၄ ရက်တွင် (၁) နေရာ၊ စက်တင်ဘာ ၅ ရက်တွင် (၂) နေရာ၊ စက်တင်ဘာ ၆ ရက်တွင် (၃) နေရာ၊ စက်တင်ဘာ ၇ ရက်တွင် (၃) နေရာ၊စက်တင်ဘာ ၈ ရက်တွင် (၃) နေရာ၊ စက်တင်ဘာ ၉ ရက်တွင် (၅) နေရာ၊ စက်တင်ဘာ ၁၀ ရက်တွင် (၆) နေရာ၊ စက်တင်ဘာ ၁၁ ရက်တွင် (၅) နေရာ၊ စက်တင်ဘာ ၁၂ ရက်တွင် (၅) နေရာ၊ စက်တင်ဘာ ၁၃ ရက်တွင် (၅) နေရာ၊စက်တင်ဘာ ၁၄ ရက်တွင် (၇) နေရာ၊ စက်တင်ဘာ ၁၅ ရက်တွင်(၇) နေရာ၊ စက်တင်ဘာ ၁၆ ရက်တွင် (၆) နေရာ၊ စက်တင်ဘာ ၁၇ ရက်တွင် (၆) နေရာ၊စက်တင်ဘာ ၁၈ ရက်တွင် (၆) နေရာ၊ စက်တင်ဘာ ၁၉ ရက်တွင် (၆) နေရာ၊ စက်တင်ဘာ ၂၀ ရက် တွင် (၆) နေရာ၊ စက်တင်ဘာ ၂၁ ရက်တွင် (၆) နေရာ၊ စက်တင်ဘာ ၂၂ ရက်တွင် (၆) နေရာ၊ စက်တင်ဘာ ၂၃ ရက်တွင် (၆) နေရာ၊ စက်တင်ဘာ ၂၄ ရက်တွင် (၆) နေရာ၊ စက်တင်ဘာ ၂၅ ရက်တွင် (၆) နေရာ၊ စက်တင်ဘာ ၂၆ ရက်တွင် (၈) နေရာနှင့် စက်တင်ဘာ ၂၇ ရက်တွင် (၈) နေရာ စုစုပေါင်း တရားမဝင်တူးဖော်လုပ်ကိုင်နေသည့် ရေနံတွင်းနေရာပေါင်း ၁၃၁ နေရာတို့အား ဖော်ထုတ်တွေ့ရှိပြီး ရေနံချက်လုပ်ရာတွင် အသုံးပြုခဲ့သည့် လုပ်ငန်းသုံးပစ္စည်းများအား သိမ်းဆည်းရမိခဲ့ကြောင်းနှင့် အကြမ်းဖက် သမားများခိုအောင်းခဲ့သည့် ယာယီတဲအဆောက်အအုံ ၂၄၆ လုံးတို့ကို သိမ်းဆည်းနိုင်ခဲ့ ကြောင်းသိရှိရသည်။

အဆိုပါ သိမ်းဆည်းရမိ တရားမဝင်ရေနံတူးဖော်ခြင်းများ လုပ်ဆောင်နေသည့် ရေနံတွင်းနေရာများနှင့် လုပ်ငန်းသုံးပစ္စည်းများအား လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ မီးရှို့ဖျက်ဆီးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်းနှင့် ၎င်းဒေသတစ်ဝိုက် တွင်လည်း တရားမဝင်ရေနံတူးဖော်ခြင်းများ ဆောင်ရွက်မှုမရှိစေရေး လိုအပ်သည့် နယ်မြေလုံခြုံရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။ 

Leave a Reply

Your email address will not be published. Required fields are marked *