မွန်ပြည်နယ်၊ ကျိုက်ထိုမြို့အနီးမှ မြောက်-အနောက်မြောက်ဘက်သို့ ဖြတ်ကျော်နေသည့် အားကောင်းသော မုန်တိုင်းငယ်ကြောင့် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက မုန်တိုင်းအန္တရာယ် အညိုရောင်အဆင့် သတ်မှတ်ထုတ်ပြန်လိုက်သည်။
အဆိုပါ မုန်တိုင်းငယ်သည် လာမည့် ၄၈ နာရီအတွင်း ပဲခူး၊ ရန်ကုန်၊ နေပြည်တော်၊ မကွေးနှင့် မန္တလေးတိုင်းဒေသကြီးတို့ကို ဆက်လက် ဖြတ်ကျော်နိုင်ကြောင်း ခန့်မှန်းထားသည်။
သို့ဖြစ်ပါ၍ မုန်တိုင်းဖြတ်ကျော်မည့် ဒေသများတွင် မိုးသည်းထန်စွာရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ ရေကြီးခြင်းနှင့် မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်သဖြင့် ပြည်သူများအနေဖြင့် လုံးဝ ပေါ့ဆမနေဘဲ ကြိုတင်သတိပြု ပြင်ဆင်ထားကြရန် နှိုးဆော်ထားသည်။
