ကဆုန်လပြည့်နေ့ လွတ်ငြိမ်းသက်သာခွင့် ပေးသည်ကို ကြိုဆိုကြောင်း MNHRC ထုတ်ပြန်

မြန်မာနိုင်ငံအမျိုးသားလူအခွင့်အရေးကော်မရှင်(MNHRC Myanmar) သည် ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ရရှိသူများနှင့် မိသားစုဝင်များနည်းတူ ဝမ်းမြောက်ကြောင်း နှင့် ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်အမိန့် နှင့် ပြစ်ဒဏ်လွတ်ငြိမ်းခွင့် အမိန့်များကို ကြိုဆိုကြောင်း MNHRC Myanmar က ဧပြီ ၃၀ ရက်နေ့ တွင် ထုတ်ပြန်ထားသည်။

နိုင်ငံတော် ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် တစ်တပ်တစ်အားပါဝင်နိုင်ကြရန်လည်း အလေးအနက်တိုက်တွန်းကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးခြင်းများသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ နှင့် နိုင်ငံ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အထောက်အကူ ဖြစ်စေကြောင်းလည်း သိရသည်။

ယမန်နေ့ ဧပြီ ၃၀ ရက် ကဆုန်လပြည့် ဗုဒ္ဓ နေ့ အထိမ်းအမှတ်ဖြင့် နိုင်ငံတော်သမ္မတ က ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ဖြင့် အကျဉ်းသားအကျဉ်းသူတို့၏ ကျန်ရှိသော ပြစ်ဒဏ် ခြောက်ပုံတစ်ပုံကို လွတ်ငြိမ်းသက်သာခွင့်ပြုခဲ့ခြင်းလည်း ဖြစ်သည်။

ထို့အတူ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် အမိန့်ဖြင့် အကျဉ်းသားအကျဉ်းသူ ၁၅၀၈ ဦးနှင့် နိုင်ငံခြားသားအကျဉ်းသူအကျဉ်းသား ၁၁ ဦး ကိုလည်း ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့ခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *