င်ငံအတွင်း စက်သုံးဆီ ရက်(၆၀)စာ လုံလောက်မှုရှိ

နိုင်ငံတော်အတွင်း စက်သုံးဆီဖူလုံမှုအနေဖြင့် ၆၀ ရက်စာလုံလောက်မှုရှိကြောင်း ယနေ့ မေလ ၁ ရက်နေ့တွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားသည်။

ထိုကြောင့် စက်သုံးဆီ ဝယ်ယူသုံးစွဲသူများအနေဖြင့် လိုအပ်သည်ထက် ပိုမိုဝယ်ယူသိုလှောင်ခြင်းမပြုဘဲ လိုအပ်သည့်အချိန်တွင် လိုအပ်သည့် ပမာဏကိုသာ ဝယ်ယူသုံးစွဲခြင်းဖြင့် ကဏ္ဍအလိုက်အသုံးပြုမှုကို ထိရောက်စွာ စီမံခန့်ခွဲနိုင်မည် ဖြစ်ကြောင်းလည်း အသိပေးထားသည်။

ကမ္ဘာ့စက်သုံးဆီဈေးနှုန်းများမြင့်တက်ခဲ့သော်လည်း ပြည်တွင်းစက်သုံးဆီဈေးနှုန်း များစွာမြင့်တက်သွားခြင်းမရှိစေရေးအတွက် နိုင်ငံတော်အစိုးရမှ ကြပ်မတ်ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်းလည်း သိရသည်။

လက်ရှိအချိန်တွင် ပြည်သူလူထု၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှုများကြောင့် လက်ရှိအခြေအနေတွင် စက်သုံးဆီအရောင်းဆိုင်များ၌ စက်သုံးဆီဖြန့်ဖြူးမှုမှာ တည်ငြိမ်၍ ပုံမှန်အခြေအနေတွင်ရှိနေသည်ကို တွေ့ရှိရကြောင်းလည်း သိရသည်။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် စက်သုံးဆီများကို ပြည်သူများအားလုံး ညီတူညီမျှ လုံလောက်စွာ သုံးစွဲနိုင်စေရေး အစဉ်တစိုက် စီမံဆောင်ရွက်နေမှုအပေါ် ယခုကဲ့သို့ ပြည်သူများ၏ အလေးအနက်ထားပူးပေါင်းပါဝင်ဆောင်ရွက်မှုကို ကျေးဇူးတင်ရှိကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *