နှစ်ပေါင်း ၁၃၀ ကျော် သက်တမ်းရှိ ဂျော်ဂျီယာပြည် နယ် ရုမ်းမြိုမှ သမိုင်းဝင်တရားရုံးချုပ် အဆောက်အအုံကြီး မီးလောင်ကျွမ်း

     အမေရိကန်ပြည်ထောင်စု၊ ဂျော်ဂျီယာပြည်နယ်၊ ရုမ်းမြို (Rome) အလယ်ဗဟိုမှာရှိတဲ့ သမိုင်းဝင် Floyd County Courthouse တရားရုံး အဆောက်အအုံဟောင်းကြီးမှာ မတ်လ ၂၃ ရက် (တနင်္လာနေ့) မွန်းလွဲပိုင်းက ပြင်းထန်တဲ့ မီးလောင်မှုဖြစ်ပွားခဲ့ရာ အဆောက် အအုံတစ်ခုလုံးနီးပါး ပျက်စီးသွားခဲ့ရပါတယ်။

​     မီးလောင်မှုဟာ မွန်းလွဲ ၂ နာရီ ၂၀ မိနစ်ခန့်မှာ စတင်ခဲ့တာဖြစ်ပြီး၊ အဲဒီအချိန်မှာ အဆောက်အအုံအတွင်း ပြုပြင်မွမ်းမံမှုတွေ (Renovations) လုပ်ဆောင်နေတယ်လို သိရပါတယ်။ မီးဟာ အလွန်လျင်မြန်စွာ ကူးစက်လောင်ကျွမ်းခဲ့ပြီး အဆောက်အအုံရဲ့ အထင်ကရဖြစ်တဲ့ ခေါင်းလောင်းစင်မျှော်စင် (Bell Tower) ကြီးပါ ပြိုကျပျက်စီးသွားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *