မြန်မာနိုင်ငံသည် အလုပ်လုပ်နိုင်သည့်လူဦးရေ အများဆုံးနိုင်ငံများထဲ၌ ပါဝင်လျက်ရှိပြီး အလုပ်လုပ်နိုင်သူလူဦးရေ ပေါများခြင်းက နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံ့စီးပွားမြင့်မားရေးတို့အတွက် အရေးပါသည့် လူ့စွမ်းအားအရင်းအမြစ်အခြေခံကောင်းများကို ပိုင်ဆိုင်ထားခြင်းပင်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ပြောကြား

မြန်မာနိုင်ငံသည် အလုပ်လုပ်နိုင်သည့် လူဦးရေ အများဆုံးနိုင်ငံများထဲ၌ ပါဝင် လျက်ရှိပြီး အလုပ်လုပ်နိုင်သူ လူဦးရေပေါ များခြင်းက နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံ့စီး ပွားမြင့်မားရေးတို့အတွက် အရေးပါသည့် လူ့စွမ်းအားအရင်းအမြစ် အခြေခံကောင်း များကို ပိုင်ဆိုင်ထားခြင်းပင်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။

၂၀၂၆ ခုနှစ် မေ ၁ ရက်တွင် ကျရောက် သည့် အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ အခမ်းအနာ းသို့ ပေးပို့သည့် သဝဏ်လွှာတွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ထိုသို့ထည့်သွင်းပြောကြားထားခြင်းဖြစ်သည်။

မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ် မေ ၁၈ ရက်မှစ၍ အပြည်ပြည်ဆိုင်ရာအလုပ်သမား ရေးရာအဖွဲ့ international labour organization – ILO တွင် အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်လာသည်နှင့်အညီ ILO ၏ အ ခြေခံမူဝါဒများ၊ ပြဋ္ဌာန်းချက်များကို လေးစား လိုက်နာလျက်ရှိပြီး အလုပ်သမားများ၏ အ ခွင့်အရေးကို ကာကွယ်မြှင့်တင်ပေးလျက်ရှိ ကြောင်း သဝဏ်လွှာတွင် ပါရှိသည်။

          မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာ အလုပ်ရှင်နှင့် အလုပ်သမားရေးရာစံနှုန်း များကို တည်ဆဲဥပဒေများနှင့်အညီ လုပ်ငန်း စီမံကိန်းများ အကောင်အထည်ဖော်ဆောင် ရွက်လျက်ရှိရာ အဓမ္မခိုင်းစေမှု ပပျောက်ရေး လုပ်ငန်းများတွင် အထောက်အကူပေးနိုင် ရန်အတွက် ၂၀၀၂ ခုနှစ်မှစ၍ILO ဆက် သွယ်ရေးအရာရှိတစ်ဦး လက်ခံခန့်ထားခဲ့ ကြောင်း သဝဏ်လွှာတွင် ဖော်ပြထားသည်။

          မြန်မာနိုင်ငံတွင် ရုံးစိုက်အခြေပြုနေ ထိုင်သော ILO ဆက်သွယ်ရေးအရာရှိနှင့် ထိတွေ့ဆက်ဆံပူးပေါင်းဆောင်ရွက်ခြင်း၊ ILO ဆက်သွယ်ရေးအရာရှိရုံးမှ လိုအပ် သည့် အချက်အလက်နှင့် လုပ်ငန်းများကို ပံ့ ပိုးပေးခြင်း၊ အဓမ္မခိုင်းစေမှုဆိုင်ရာ တိုင်ကြား မှုများကို ILO နှင့် ပူးပေါင်း၍ အမျိုးသားအ ဆင့် အဓမ္မခိုင်းစေမှုဆိုင်ရာ တိုင်ကြားမှုယန္တ ရားဖြင့် ဖြေရှင်းပေးခြင်း၊ အလုပ်ရှင်၊ အလုပ် သမားအဖွဲ့အစည်းများကို ILO ၏ convention 87  နှင့်အညီ အခြေခံ၊ မြို့နယ်၊ တိုင်းဒေသကြီး၊ ပြည်နယ်အဖွဲ့ချုပ်နှင့် မြန် မာနိုင်ငံလုံးဆိုင်ရာရေးရာအဖွဲ့များအထိ အ ဆင့်ဆင့်လွတ်လပ်စွာ ဖွဲ့စည်းခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သဝဏ်လွှာ တွင် ဖော်ပြထားသည်။ 

          မြန်မာနိုင်ငံသည် အလုပ်လုပ်နိုင်သည့် လူဦးရေ အများဆုံးနိုင်ငံများထဲ၌ ပါဝင် လျက်ရှိပြီး အလုပ်လုပ်နိုင်သူ လူဦးရေပေါ များခြင်းက နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံ့စီး ပွားမြင့်မားရေးတို့အတွက် အရေးပါသည့် လူ့စွမ်းအားအရင်းအမြစ် အခြေခံကောင်း များကို ပိုင်ဆိုင်ထားခြင်းပင်ဖြစ်ကြောင်း သ ဝဏ်လွှာတွင် ဖော်ပြထားသည်။

          လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုး တက်ရေးအတွက် အလုပ်သမားဝန်ကြီးဌာန ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း ခုနစ်ကျောင်း၊ အသိအမှတ်ပြု မှတ်ပုံတင် လက်မှတ်ထုတ်ပေးထား‌သော လုပ်ငန်းခွင် အခြေပြု လေ့ကျင့်သင်ကြားပေးသော သင် တန်းကျောင်း ၂၂ ကျောင်း၊ မြန်မာနိုင်ငံလုပ် သားများ ကျွမ်းကျင်မှုစံသတ်မှတ်ပြဋ္ဌာန်း ရေးအဖွဲ့ national skills standards authority – NSSA အသိအမှတ်ပြု သင် တန်းကျောင်း ၂၆ ကျောင်းတို့တွင် ကျွမ်းကျင် မှုသင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက် ရှိကြောင်း သဝဏ်လွှာတွင် ပါရှိသည်။

          ကျွမ်းကျင်မှုသင်တန်းများ အောင်မြင် ပြီးမြောက်သွားသည့် လူငယ်များသည် မူလ သာမန်လုပ်သား အဆင့်မှ လုပ်ငန်းခွင်တွင် လက်တွေ့ကျကျ ဦးဆောင်နိုင်စွမ်းရှိသည့် တန်ဖိုးမြင့် ကျွမ်း ကျင်လုပ်သား များအ ဖြစ် ဘဝအဆင့်အတန်း မြင့်မားတိုးတက်လာ မည်ဖြစ်ကြောင်း သဝဏ်လွှာတွင် ပါရှိသည်။

အဆိုပါ ကျွမ်းကျင်လုပ်သားများကို   အမျိုးသားအဆင့် ကျွမ်းကျင်မှုစံသတ်မှတ် ပြဋ္ဌာန်းရေးအဖွဲ့ -NSSA  ၏ စံနှုန်းသတ် မှတ်ချက်များနှင့်အညီ ကျွမ်းကျင်မှု အသိအ မှတ်ပြုလက်မှတ်များ ထုတ်ပေးလျက်ရှိ ကြောင်း သဝဏ်လွှာတွင် ပါရှိသည်။                 

ယင်းလက်မှတ်များသည် ပြည်တွင်း ပြည်ပတွင် အလုပ်လုပ်ကိုင်နိုင်ရေးနှင့် ကျွမ်း ကျင်မှုအရည်အချင်းများနှင့်အညီ လုပ်ခလ စာရရှိနိုင်ရေးတို့အတွက် အထောက်အကူ ပြုသည့် အသိအမှတ်ပြုလက်မှတ်များဖြစ် ကြောင်း သဝဏ်လွှာတွင် ဖော်ပြထားသည်။

          အသိပညာ၊ အတတ်ပညာပြည့်ဝသည့် လူ့စွမ်းအားအရင်းအမြစ်ကောင်းများ မွေး ထုတ်ပေးနိုင်ရေးအတွက် ပညာရေးကို အား ပေးမြှင့်တင်ပေးလျက်ရှိကြောင်း၊ ပညာရေး တွင် အနည်းဆုံးအဆင့် KG+9 ပြီးဆုံးသည် နှင့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ စက်မှုကျွမ်းကျင် သူများ ဖြစ်လာစေမည့် အသက်မွေးဝမ်း ကျောင်းပညာများကိုလည်း သင်ကြားပေး လျက်ရှိကြောင်း သဝဏ်လွှာတွင် ပါရှိသည်။

          နိုင်ငံတော်အစိုးရသည် နိုင်ငံတော်က ပိုင်ဆိုင်ထားသည့် သဘာဝအရင်းအမြစ်များ ကို အကျိုးရှိစွာ အသုံးချပြီး စိုက်ပျိုးမွေးမြူ ရေး ထုတ်ကုန်များကို ခေတ်မီနည်းပညာများ ဖြင့် ပေါင်းစပ်မြှင့်တင်၍ တန်ဖိုးမြှင့်ထုတ် ကုန်များအဖြစ် ပြောင်းလဲထုတ်လုပ်ခြင်း၊ ပြည်တွင်း အသေးစား၊ အငယ်စား၊ အလတ် စား စီးပွားရေးလုပ်ငန်း MSME များကို အားပေးမြှင့်တင်ပေးလျက်ရှိကြောင်း သ ဝဏ်လွှာတွင် ပါရှိသည်။

          အလုပ်သမားများ ဝင်ငွေတိုးတက်စေ ခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖြစ် ထွန်းစေခြင်း၊ ကျွမ်းကျင်လုပ်သားများ ရရှိ ရေးအတွက် ကျွမ်းကျင်မှုဆိုင်ရာ သင်တန်း များ ဖွင့်လှစ်ပို့ချပေးခြင်း၊ လုပ်အားအခြေပြု ကုန်ထုတ်လုပ်ငန်းများ တိုးတက်များပြားလာ စေရန် ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ခြင်း၊ ပြည်ပအလုပ်အကိုင်အခွင့်အလမ်းများ ရရှိ စေရန် ဆောင်ရွက်ပေးခြင်း၊ အလုပ်သမား များအတွက် လူမှုဖူလုံရေး အပါအဝင် အခြားအကျိုးခံစားခွင့်များရရှိအောင် ဆောင် ရွက်ပေးခြင်း၊ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးအဆင့်မြှင့် တင်ပေးခြင်း၊ အလုပ်သမားရေးရာ အငြင်း ပွားမှုများအား တရားမျှတစွာ ဖြေရှင်းပေး ခြင်း စသည့် အလုပ်သမားများ၏ အကျိုးစီး ပွားကို မျက်ခြည်မပြတ် ဆောင်ရွက်ပေး လျက်ရှိကြောင်း သဝဏ်လွှာတွင် ပါရှိသည်။

          မြန်မာနိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်း ခန့်ဖြစ်သော ကျေးလက်နေပြည်သူများ သည် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အ ဓိကဆောင်ရွက်နေသူများဖြစ်ကြောင်း၊ ထို့ ကြောင့် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုမှတစ်ဆင့် ပြည်သူများ၏ လူမှုစီးပွားဘဝ မြှင့်တင်ရေး၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးနှင့် ပြည်ပသွင်းကုန် အစားထိုးနိုင်ရေးတို့အတွက် အသေးစား၊ အ ငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း များဖြစ်သည့် MSME များ ဖွံ့ဖြိုးတိုးတက်စေ ရေး  ၀ိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း သဝဏ်လွှာတွင် ပါရှိသည်။

          နိုင်ငံတော်အနေဖြင့် လုပ်သားထုကျွမ်း ကျင်မှု ဖွံ့ဖြိုးတိုးတက်စေရန်၊ နည်းပညာနှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ ကျွမ်းကျင် ပညာရပ်များ ကျယ်ကျယ်ပြန့်ပြန့် သိရှိလာ စေရန်နှင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင် မှုစံချိန်စံညွှန်းသတ်မှတ်ချက်များကို နိုင်ငံတ ကာနှင့် ရင်ပေါင်တန်းနိုင်ရန် ရည်ရွယ်၍ ပြည်တွင်း၌ ကျွမ်းကျင်မှုပြိုင်ပွဲများ ကျင်းပ ပေးလျက်ရှိကြောင်း၊ ပြိုင်ပွဲများတွင် ထူးချွန် ဆုရရှိသူ လူငယ်လူရွယ်များအား ၂ နှစ်လျှင် တစ်ကြိမ်ကျင်းပသည့် အာဆီယံ ကျွမ်းကျင်မှု ပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်အောင် လည်း စီမံဆောင်ရွက်ပေးလျက်ရှိကြောင်း သဝဏ်လွှာတွင် ဖော်ပြထားသည်။

          နိုင်ငံတော်အစိုးရသည် ပြည်သူ့စစ်မှု ထမ်းတာဝန် ကျေပွန်စွာ ထမ်းဆောင်ခဲ့သူ များနှင့် မူလတန်း၊ အလယ်တန်း၊ အထက် တန်း အဆင့်ဖြင့် ကျောင်းပြင်ပရောက်နေသူ များအတွက် အခြေခံ သက်မွေးပညာသင် တန်းများ ဖွင့်လှစ်ပို့ချပေးသွားမည်ဖြစ် ကြောင်း သဝဏ်လွှာတွင် ပါရှိသည်။      

          ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ် လုပ်ကိုင်ကြသည့် မြန်မာရွှေ့ပြောင်းအလုပ် သမားများသည် ၎င်းင်းတို့ သွားရောက်လုပ် ကိုင်သည့်နိုင်ငံများမှ ဥပဒေအောက်တွင် နေထိုင်ကြရပြီး အချို့အလုပ်သမားများသည် မတရားသဖြင့် ဖိနှိပ်ခံရမှုများရှိသည်ဟု သိ ရှိရကြောင်း၊ ပြည်ပသို့ သွားရောက်လုပ်ကိုင် ခြင်းထက် ဘဝလုံခြုံမှုရှိသည့် ပြည်တွင်း၌ လုပ်ကိုင်မည်ဆိုပါက ကြီးပွားတိုးတက်နိုင် မည့်အခွင့်အလမ်းများ ရှိပြီးဖြစ်ကြောင်း၊ ထို့ ကြောင့် ပြည်ပသို့ သွားရောက် လုပ်ကိုင်ကြ မည့်အစား ပြည်တွင်း၌သာ အလုပ်လုပ်ကိုင် ကြပြီး နိုင်ငံသားအားလုံး နိုင်ငံတော်၏ အ ရိပ်အာဝါသအောက်တွင် ပျော် ရွှင်အေးချမ်း စွာ နေထိုင်နိုင်စေရေး သက်ဆိုင်ရာဝန်ကြီး ဌာန၊ အဖွဲ့အစည်းများက ဆောင်ရွက်ပေး ကြရန် သဝဏ်လွှာတွင် တိုက်တွန်းထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *