အမေရိကန်၏ ပိတ်ဆို့မှုခံနေရသော ကျူးဘားအား တရုတ်နိုင်ငံက ကူညီပေး

၂၀၂၆ ခုနှစ် မတ်လအတွင်း ကျူးဘား၏ အဓိက လျှပ်စစ်ဓာတ်အားပေးစက်ရုံများ လောင်စာဆီပြတ်လပ်မှုကြောင့် နိုင်ငံပိုင် လျှပ်စစ်ကွန်ရက်တစ်ခုလုံး ပြိုလဲသွားခဲ့ပြီး လူဦးရေ ၁၁ သန်းကျော် အမှောင်ထုထဲသို ကျရောက်ခဲ့ရသည်။

ဤအကျပ်အတည်းအတွင်း တရုတ်နိုင်ငံသည် ကျူးဘား၏ စွမ်းအင်လုံခြုံရေးအတွက် အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်လာခဲ့သည်။ တရုတ်နိုင်ငံသည် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးဥယျာဉ် (Solar Parks) ပေါင်း ၉၂ ခု တည်ဆောက်ရန် စီမံကိန်းများ ချမှတ်ထားပြီး လက်ရှိတွင် စက်ရုံပေါင်း ၄၉ ခုကို လျှပ်စစ်ကွန်ရက်အတွင်း ချိတ်ဆက်ပေးနိုင်ခဲ့ပြီဖြစ်သည်။

မတ်လ ၁၈ ရက်နေ့တွင် ကျူးဘားလျှပ်စစ်ကွန်ရက်ကို ပြန်လည်ထိန်းသိမ်းနိုင်ခဲ့သော်လည်း လောင်စာဆီပြတ်လပ်မှုကြောင့် မီးပြတ်တောက်မှုများမှာ ဆက်လက်ရှိနေဆဲဖြစ်သည်။

တရုတ်နိုင်ငံ၏ ဆိုလာပြားများကြောင့် နေ့ဘက်တွင် လျှပ်စစ်ဓာတ်အား လုံလောက်စွာ ရရှိနိုင်သော်လည်း ညဘက်အသုံးပြုရန် လိုအပ်သော ဘက်ထရီသိုလှောင်မှုစနစ် (Battery Storage) များမှာ အလွန်စျေးကြီးနေသဖြင့် စိန်ခေါ်မှုတစ်ရပ် ဖြစ်နေသည်။

သိုသော်လည်း တရုတ်နိုင်ငံ၏ ယခုကူညီမှုသည် ကျူးဘားကို အမေရိကန်၏ လောင်စာဆီပိတ်ဆိုမှုအောက်မှ လွတ်မြောက်စေရန် အားကိုးရာတစ်ခု ဖြစ်လာစေခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *