မြန်မာနိုင်ငံတွင် 5G စနစ်များကို မကြာမီကာလအတွင်း စတင်အသုံးပြုနိုင်တော့မည်ဖြစ်ကြောင်း ဒီဂျစ်တယ်ဖွံဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသက်ဝင်းအောင်က ပြောကြားခဲ့သည်။ ဒုတိယဝန်ကြီးသည် စက်တင်ဘာ ၂၀ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်ရှိ ဟံသာဝတီရုံး၌ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်နေသည့် မိုဘိုင်းတယ်လီဖုန်းအော်ပရေတာများနှင့် အင်တာနက်ဝန်ဆောင်မှုပေးသည့် ကုမ္ပဏီများမှ တာဝန်ရှိသူများကို တွေ့ဆုံစဉ် ယင်းသို ပြောကြားခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ရန်ကုန်မြို့အတွင်းရှိ ရှုပ်ထွေးနေသော ဆက်သွယ်ရေးကေဘယ်ကြိုးများကို…