ဆန့်ကျင်ဖက်တွေရဲ့ ကာကွယ်ရေးစွမ်းရည် မြင့်မားလာတာကို အမေရိကန်ငြင်းမရတော့၊ ရုရှား၊ တရုတ်၊ မြောက်ကိုရီးယားတို့ရဲ့ခြိမ်းခြောက်မှုကို အချိန်မရွေးခံလာရနှိုင်တာကို လက်ခံလာတဲ့သဘောနဲ့ တရုတ် နှစ် (၈၀) ပြည့်အောင်ပွဲစစ်ရေးပြပွဲ အပြီးမှာ အမေရိကန် ကာကွယ်ရေး ကိစ္စတွေကိုရက်မဆိုင်း ဆောင်ရွက်လာတာတွေ့ရတယ်။
အမေရိကန်ကာကွယ်ရေးဆိုင်ရာတခုလုံးကို ပြုပြင်ပြောင်းလဲ အဆင့်မြှင်မှာဖြစ်ကြောင်း ကာဝန် Hegseth ကပြောကြားလာတယ်၊
တချိန်တုန်းက အားလုံးထက် ခေါင်းတလုံးသာခဲ့တဲ့ အမေရိကန်ကာကွယ်ရေးဟာ နှစ် (၂၀) လောက်အိပ်မောကျနေစဉ်အတွင်း ပြိုင်ဖက်တွေက သူ့ကို ပုခုံးတိုက်အဆင့် လျင်မြန်စွာ တိုးတက်လာခဲ့ပါတယ်၊ ဒီနေ့ဆိုရင် ပြန်ပြီးတောင်ခြိမ်းခြောက်နိုင်တဲ့အဆင့်ဖြစ်လာကြပါပြီ၊
ထရမ့်လို တွန်းတွန်းတိုက်တိုက်လုပ်ရဲတဲ့သူလက်ထက်မှာပဲ လုပ်နိုင်မဲ့လုပ်ရပ်လို့မြင်ပါတယ်၊ ထရမ့်အလွန်မှာ မဲကိုသာအဓိကထားတဲ့ သူတွေအချိန်မှာ ဘယ်သူမှ ကာကွယ်ရေးဘက် လေးလေးနက်နက်စိတ်ဝင်စားကြမှာ မဟုတ်ပါဘူး။
BaMg ☯️
