ဂျပန်ကဒုံးကျည်ဒဏ်ခံ ခိုလှုရာနေရာအသစ် ၁,၅၀၀ ကို ဖော်ထုတ်

အရှေ့မြောက်အာရှ၏ လုံခြုံရေးအခြေအနေကို စိုးရိမ်ပူပန်နေသည့်အတွက် ဒုံးကျည် သိုမဟုတ် ဗုံးကြဲတိုက်ခိုက်မှုများ ဖြစ်လာပါက ခိုလှုရာ နေရာ အဖြစ် အသုံးပြုနိုင်မည့် အဆောက်အအုံပေါင်း ၁,၅၀၀ ခန့်ကို ဂျပန်အစိုးရက ထပ်မံဖော်ထုတ်လိုက်ကြောင်း သိရသည်။

အစိုးရသည် တိုက်ခိုက်မှုအတွင်း ပြည်သူများ ခိုလှုနိုင်မည့် အဆောက်အအုံစာရင်းကို တိုးချဲ့ရန် ၂၀၂၄ ခုနှစ်တွင် စတင်လေ့လာခဲ့ပြီးနောက် မြေအောက်ဘူတာရုံများနှင့် မြေအောက်ကားပါကင်များ အပါအဝင် နေရာပေါင်း ၁,၄၈၉ ခု သည် ကာလတို အကာအကွယ်ပေးရန် သင့်တော်ကြောင်း အတည်ပြုခဲ့သည်။

မတ်လ ၁၂ ရက်နေ့က ဆန်ကေး သတင်းစာ၏ ဖော်ပြချက်အရ ယခင်သတ်မှတ်ထားပြီးသော ခိုလှုရာနေရာ ၆၁,၁၄၂ ခုနှင့် ယခုနေရာသစ်များကို ပေါင်းစပ်ကာ လူဦးရေ ၁၀.၈ သန်းခန့် (နိုင်ငံလူဦးရေ၏ ၉ ရာခိုင်နှုန်းနီးပါး) အတွက် အကာအကွယ်ပေးနိုင်ရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *