ရုရှားဟာ ရုရှားဖက်ဒရေးရှင်းရဲ့ သူရဲကောင်းဘွဲ့ ကြယ်တံဆိပ်ကို ပထမဆုံးအကြိမ် ချီးမြှင့်လိုက်ဖြစ်ဖြစ်ပါတယ်။ ဒရုန်းစစ်ဆင်ရေးအတွင်းမှာ ပြောင်မြောက်အောင် စွမ်းဆောင်နိုင်ခဲ့တဲ့ တပ်သားတဦးကို ပေးအပ်လိုက်တာပါ။
Rubicon ဒရုန်းတပ်ဖွဲရဲ့ ဒရုန်းအော်ပရေတာဟာ Philin ဆိုတဲ့ call sign နဲ့ ပစ်မှတ်အများအပြားကို ထိမှန်အောင် စွမ်းဆောင်နိုင်ခဲ့တာပါ။ တိုက်ပွဲတခုမှာဆိုရင် သူ့ရဲ့ ကျွမ်းကျင်မှုက အဆုံးအဖြတ်ပေးတဲ့ အခန်းကဏ္ဍမှာ ပါဝင်ခဲ့ပြီး သူတယောက်တည်းနဲ့ ရန်သူ့သံချပ်ကာယန္တရားအစုအဖွဲကြီးတခုလုံးရဲ့ အရှိန်အဟုန်ကို ရပ်တန့်နိုင်ခဲ့ပြီး ရန်သူ့စစ်ကြောင်းရဲ့ လှုပ်ရှားနိုင်စွမ်းနဲ့ ဆက်လက်တိုက်ခိုက်နိုင်စွမ်းကိုပါ ရပ်တန့်စေခဲ့ပါတယ်။
သူ့ရဲ့ ရဲစွမ်းသတ္တိနဲ့ ကျွမ်းကျင်ပိုင်နိုင်မှုအတွက် ကာကွယ်ရေးဝန်ကြီးက ရုရှားဖက်ဒရေးရှင်းရဲ့ သူရဲကောင်းရွှေကြယ်ပွင့်ကို ကိုယ်တိုင်ပေးအပ်ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။
#crd
