MDF ဒုဥက္ကဋ္ဌ စစ်ဘက်ဆိုင်ရာပစ္စည်းတွေနဲ့ အတူ မီဇိုရမ်ပြည်နယ်မှာ ဖမ်းဆီးခံရ

အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ်၊ ဆိုင်ဟားခရိုင် Tuipangကျေးရွာမှာ ဇူလိုင်လ ၁၇ ရက်နေ့က Maraland Defense Force(MDF )ဒု – ဥက္ကဌဟာ စစ်ဘက်ဆိုင်ရာပစ္စည်း သယ်လာတဲ့ ကားပေါ်ပါလို့ ခဏဖမ်းဆီးစစ်ဆေးခံနေရကြောင်း သိရပါတယ်။

ချင်းညီနောင်အဖွဲ့ဝင် ချင်းလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲဖြစ်တဲ့ Maraland Defense Force (MDF )တပ်ဖွဲရဲ့ တာဝန်ရှိသူတစ်ဦးက “MDF ဒု – ဥက္ကဌကို ဖမ်းဆီးခံရတယ်ဆိုတာ ဟုတ်ပါတယ် သူ့ပစ္စည်းတော့ မဟုတ်ပေမဲ့ စစ်ဘက်ဆိုင်ရာ သယ်လာတဲ့ ကားပေါ်တက်လာလို့ သူ့လဲ ခဏစစ်ဆေးနေတဲ့ သဘောပါ သူက လက်နက်ကိုင်အဖွဲ့အစည်းက ခေါင်းဆောင်ဆိုတော့ ရဲတွေက နည်းနည်း အကြမ်းကိုင်ချင်တဲ့သဘောပါ” လို့ပြောဆိုခဲ့ကြောင်းသိရပါတယ်။#crd

Leave a Reply

Your email address will not be published. Required fields are marked *