ဒီကနေ့ ဝမ်းသာစရာသတင်းက တပ်ဟာ နမ့်ဆန်မြို့နယ်ကိုပါ လေကြောင်းတိုက်ခိုက်မှု ပြုလာတာ တွေ့ရတယ်။ နမ့်ဆန် မြို့ပေါ်ကို မတိုက်ချင်သေးရင်တောင် ဇယန်းကြီး၊ မန်လွယ်၊ တောင်ကျော်၊ အာရမ်းနဲ့ နမ့်လင်းရွာတွေက ပလောင်တွေရဲ့ အဓိက နေရာ တွေပါပဲ။ ဆိုလိုတာက…တပ်ဟာ စစ်ရေးအရ လုံးလုံးကြီး ဖိအားပေးနေပြီ၊ တနည်းအား ဖြင့် ဒီဒေသတွေကိုပါ သိမ်းယူမယ်ဆိုတဲ့ ပုံစံမျိုးအထိ အရိပ်အယောင် မြင်နေရတာ ကတော့ ဝမ်းသာစရာအခြေအနေပဲဖြစ်ပါတယ်။
—–တကယ်လို့…သီပေါသာ ထပ်ရခဲ့ရင်….သီပေါ-လားရှိုး ပြည်ထောင်စုလမ်းအပြင်…သီပေါ၊ ပင်လောင်း၊ မန်စံနဲ့ အီနိုင်းလောက်ကိုသာ ထိန်းချုပ်လိုက်ရင်…နမ့်ဆန်၊ နမ္မတူ-ဘော်တွင်းနဲ့ မန်တုံ က အလိုလို ထိန်းချုပ်ပြီးသား ဖြစ်လာဦးမှာပါ။ မန်တုံနဲ့ နမ္မတူ မှာလည်း တပ် တွေ ပြန်ပြီး နေရာချဖို့ လိုသလို အီနိုင်းနဲ့ မန်စံမှာလည်း အထိုင် စခန်းကြီးကြီးမားမား ချဖို့လိုပါတယ်။ ဒါမှ ကွတ်ခိုင်နဲ့ သိန်းနီအပြင် လားရှိုးတိုင်းကိုပါ အပြင်စည်းအနေနဲ့ ကာနိုင်မှာ ဖြစ်ပါတယ်။
——လားရှိုးကနေ ပြန်ဆုတ်လာတဲ့ တပ်မိသားစုတွေကို သတ်ဖြတ်ခဲ့တဲ့ လုပ်ရပ်တွေ၊ ဒဏ်ရာရနေတဲ့ သူတွေကို ဓမ္မာရုံထဲမှာ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တဲ့ အကြွေးတွေအတွက် ပလောင်တွေအနေနဲ့ သေချာပေါက် ပြန်ပြီး ဆပ်ရပါလိမ့်မယ်။ တခြား လက်နက်ကိုင်တွေကိုလည်း ပလောင်ကို စံပြအဖြစ် ရှုမြင်နိုင်ဖို့ လက်ရှိ သိမ်းထား တဲ့ မြို့တွေအပြင် နမ့်ဆန်ဒေသအထိပါ အောင်မြေချဲ့ဖို့ လိုအပ်ပါလိမ့်မယ်။
(နရီမိုး)
