ပြည်ထောင်စုအကျိုးအတွက် လက်နက်ကိုင်များအားထပ်မံဖိတ်ခေါ်ခြင်း

၂၀၂၀ ရွေးကောက်ပွဲအလွန် အာဏာရူးအကြမ်းဖက်သမားတွေက လူငယ်တွေကို မြှောက်ပေးပြီး တောထဲရောက်အောင် အတင်းတွန်းပို့ခဲ့ကြတာကြောင့် PDF အမည်ခံ အကြမ်းဖက်သမားတွေဖြစ်လာကာ သောင်းကျန်းသူတွေရဲ့ အသုံးချခံ လက်ကိုင်တုတ်တွေ ဖြစ်လာခဲ့ကြတယ်။

မြှောက်ပေးတဲ့ကောင်တွေကတော့ ပြည်ပမှာနေပြီး ခွက်ခေါက်လုပ်စားကာ ကြီးပွားချမ်းသာနေကြတယ်။

နှစ်ကြာလာတာနဲ့အမျှ သူပုန်တွေရဲ့ အနိုင်ကျင့်နှိပ်စက်မှုတွေ၊ ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခံရတာတွေ များလာတော့ PDF လေးတွေနဲ့ သောင်းကျန်းသူတွေအကြား အကွဲအပြဲတွေပိုကြီးလာခဲ့တယ်။ ဒါကြောင့်သောင်းကျန်းသူနယ်မြေကနေ စွန့်ခွာထွက်ပြေးတဲ့သူတွေ၊ အလင်းဝင်တဲ့လူတွေလည်း များလာတယ်။

အဲလိုထွက်ပြေးတဲ့သူတွေ များလာတာကြောင့် ပြန်ဖမ်းမိတဲ့သူတွေကို ရက်ရက်စက်စက် သတ်ဖြတ်တာတွေ၊ လူမဆန်စွာ နှိပ်စက်တာတွေ လုပ်ဆောင်နေတယ်လို့ လွတ်မြောက်လာသူ၊ အလင်းဝင်လာသူတွေကပြောပြလို့ သိရတယ်။

အဲဒီတော့ သူတောင်းစားလုပ်ပြီး ပြည်ပနိုင်ငံမှာ ကောင်းစားဖို့လုပ်နေတဲ့ အကြမ်းဖက် NUG နဲ့ သူတို့ရဲ့ အကျိုးစီးပွားအတွက် အသုံးချနေတဲ့ သောင်းကျန်းသူတွေရဲ့ လက်အောက်ကနေ လွတ်မြောက်ချင်တဲ့ PDF တွေအနေနဲ့ တစ်ဦးချင်းဖြစ်စေ၊ အုပ်စုလိုက်ဖြစ်စေ အမြန်ဆုံးအလင်းဝင်ရောက်ဖို့ တိုက်တွန်းလိုက်ပါရစေ…

Leave a Reply

Your email address will not be published. Required fields are marked *