ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ သစ်တောရပ်ကွက်ရှိ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌ပြုလုပ်ရာ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ဇော်မင်းလတ်နှင့် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြား ထားသူများ၊ ဒေသခံပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဘင်ခရာပန်းဖွား အကအဖွဲ့များ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးက ကျောင်းအပ်နှံရေးနေ့အခမ်းအနားဆိုင်းဘုတ်အား စက်ခလုတ် နှိပ်၍ ဖွင့်လှစ်ပေးပြီး တာဝန်ရှိသူများနှင့်အတူ ပြည်နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ထို့နောက် အဆိုပါကျောင်းခန်းမ၌ တိုင်းမှူးက အဖွင့်အမှာစကားပြောကြားပြီး တိုင်းမှူးနှင့် တာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူများအတွက် ပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များနှင့် ကျောင်းဝတ်စုံများ ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိ သူများက ခင်းကျင်းပြသထားသောပညာရေးပြခန်းများကို လှည့်လည်ကြည့်ရှုခဲ့ကြ ကြောင်း သတင်းရရှိသည်။
