စစ်ကိုင်းမြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေးအဖွဲ့များမှ စက်တင်ဘာ ၁၁ ရက် ယမန်နေ့ နေ့လည်ပိုင်းတွင် တလိုင်းကျေးရွာဝန်းကျင်အနီး နယ်မြေရှင်းလင်းစဉ် PDF အကြမ်းဖက်သမား ၃၀ ဦးခန့်မှ စတင်ပစ်ခတ်တိုက်ခိုက်လာသဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်ခဲ့ရာ ရန်သူများ ကျေးရွာအတွင်းဆုတ်ခွာထွက်ပြေးသွားခဲ့ပြီး ဖြစ်စဉ်အတွင်း မိမိဘက်ထိခိုက်မှုမရှိ ၊ ရန်သူထွက်ပြေးသွားသော ကျေးရွာအတွင်းလိုက်လံရှင်းလင်းခဲ့ရာ အောက်ပါအလောင်း/လက်နက် ဆက်စပ်ပစ္စည်းများသိမ်းဆည်းရရှိခဲ့-
(၁) အကြမ်းဖက် PDF ၂ လောင်း
(၂) M-22 သေနတ် 3 လက်
(၃) ကျည်အိမ်/ကျည်ဆန်များ
(၄) CANDA အဖြူရောင် ကား (၁)စီး
(၅) LIGHT TRUCK ကား(၁)စီး (ယာဉ်မောင်းနှင့်အတူ ဈေးပစ္စည်း အပြည့်တင်ဆောင်ထား) တို့အားသိမ်းဆည်းရရှိခဲ့ပြီး လုံခြုံရေးအဖွဲ့ဝင်များ နယ်မြေရှင်းလင်းရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။





