ဗန်းမော်မြို့ တိုက်ခံရသည်မှာ ၂၀၂၅ ဒီဇင်ဘာ ၄ ထိဆိုရင် ၁ နှစ်ရှိပြီ။ ခု ၂၀၂၅ စက်တင်ဘာ ၁၂ ဆိုတော့ ပြောရမယ်ဆိုရင် ၁ နှစ်ပြည့်တော့မယ်လို့ အကြမ်းဖျဥ်းပြောရမှာပေါ့။
ဆိုတော့ KIA က ၁၀၂၇ ကျူးကျော်စစ် ကိုကြည့်ပြီး အားကျကာ ကချင်ပြည်နယ် တစ်ဝှမ်းတိုက်ကွက်ဖော်တယ်။ နယ်စပ်ဒေသမျဥ်းပေါ်ရှိ မြို့တွေ တိုက်တယ်။ ဒေါ့ဖုန်းယန်၊ မိုးမောက် စတဲ့မြို့တွေ ရပြီးတဲ့အချိန်မှာ ဗန်းမော် ကိုတော့ အပိုင်ပဲဆိုပြီး ဝင်ဆောင့်တယ်။
၂၀၂၄ ဒီဇင်ဘာ ၄ ရက်မှာ ၂ လအတွင်း အပြုတ်တိုက်မယ်ဆိုပြီး ကြွေးကြော်တိုက်တာနော်။ လျော့တွက်လို့တော့မရဘူး။ KIA ဆိုတာ တပ်ကို ဗကပ နဲ့ ပေါင်းပြီး ဒုက္ခပေးခဲ့တဲ့ အဖွဲ့ပဲလေ…. သူတို့ အဲ့လို ကြွေးကြော်တော့ တကယ် စိုးရိမ်ခဲ့ရတာပေါ့။
ရန်သူဟာ အင်နဲ့အားနဲ့ ဘက်ပေါင်းစုံက ဝင်ဆောင့်တယ်။ Drone တိုက်ခိုက်မှုတွေလဲပါတဲ့အတွက် စကခ ၂၁ ဌာနချုပ်ထိ ကို နယ်မြေခံ တပ်တွေဟာ အဆင့်ဆင့် ခြေကုတ်ယူ ခုခံခဲ့ရတယ်။
ဗန်းမော် ဆိုတာ ရာဇဝင်ထဲမှာ ကျူးကျော်သူတွေ သေချင်းဆိုးနဲ့သေခဲ့ရတဲ့မြို့ ဖြစ်တဲ့အပြင် မပခ သားတွေဆိုတာ တချိန်က လိုင်ဇာရင်ဝကိုလာဆောင့်ခဲ့တဲ့ မြားချက်တွေလေ
အဲ့တော့ ဒီအစဥ်အလာကောင်းတွေရှိတဲ့မြို့နဲ့ တပ် ဟာ ရန်သူကို ရှိသမျှအင်အားနဲ့ အစွမ်းကုန်ကြံ့ကြံ့ခံခဲ့တယ်။ တပ်မမှူး တောင်ကျသလိုလို ဘာလိုလိုထိ ရန်သူရဲ့ ဝါဒဖြန့်မှုတွေကြား အစွမ်းကုန်ကျားကန်ခဲ့တယ်။
စစ်ဆိုတာ အပြောင်းအလဲ ဖြစ်စေဖို့အတွက် စိတ်ဓာတ်က အရေးကြီးတယ်။ သူများနယ်မြေ ကို ကျူးကျော်တဲ့ KIA ရယ် ဘုမသိဘမသိနဲ့ စစ်ထတိုက်တဲ့ PDF ရယ် ဟာ တဖြည်းဖြည်းနဲ့ တစ်ခုတည်း ကျန်တော့တဲ့ စကခ ၂၁ ကို ဘယ်လိုမှ တိုက်မရဖြစ်ဘူး လန်ဆင်းခဲ့တော့တယ်။
တိုက်ပွဲအောင်မြင်ဖို့လိုအပ်တဲ့ အုပ်ချုပ်ထောက်ပံ့မှု အတွက် ကကကြည်း ဟာ ဧရာဝတီမြစ်ကြောင်းကို ဆန်တက်ပြီး ဖောက်တယ်။ လေကြောင်းကနေ ထောက်ပံ့မှုတွေလဲလုပ်တယ်။
အဲ… ထိုးစစ်အသွင်ဆောင်ရမဲ့အချိန်မှာ နည်းပညာ မြင့်ထားတဲ့ Drone အဖွဲ့တွေကို အသုံးပြုတယ်။ ဒါ… ဗန်းမော် အောင်မြေ ကို နင်းစေခဲ့တဲ့ အချက်တွေထဲမှာပါတဲ့ အချက်တွေပဲ။
မြေပြင်က စစ်သည်မိသားစုတွေကလဲ ပြတ်တယ်။ “ငါ့မသေ…ငါ့ဗန်းမော်မြေမကျ” လို့ သံန္ဓိဌာန်ထားပြီး စစ်တိုက်ခဲ့တဲ့အတွက် ယနေ့ဆို တပ်မတော်အနေနဲ့ ဗန်းမော် အပါအဝင် အနီးအနားက ရွာတွေထိ ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီပေါ့။
တပ်မတော် ရဲ့ ဗန်းမော်တိုက်ပွဲ မှာ အကြမ်းဖက်သောင်းကျန်းသူပူးပေါင်း အဖွဲ့များ အနေဖြင့်သေဆုံးသူ ၄၆၁၆ဦးနှင့် ဒဏ်ရာရရှိသူ ၄၉၈၃ ဦးခန့် ရှိတယ်တဲ့။
ကိုယ်ရင်ဂွမ်မော် ရေ…..ကိုယ်ရင် အရင်တစ်ခေါက် လိုင်ဇာ တုန်းကလို ငြိမ်းချမ်းရေးဆွေးနွေးဖို့ ပြင်နေပြီလားမသိဘူး။
ဆင်ဖြူရှင် မင်းတရားကနေ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လက်ထတ်ထိ ကျူးကျော်သူ သူပုန်တွေ အလောင်းပုံခဲ့တဲ့ ဗန်းမော် ဟာ ယနေ့ ခေတ်သစ် ထိ ရာဇဝင် မရိုင်းခဲ့ပါချေ။
“ရှေ့သို့ချီမည်… ဒို့ စစ်သည်
လိုင်ဇာရင်ဝကို ဆောင့်ကန်မည့်ခြေလှမ်းတွေသည်
ဗန်းမော် မှစသည်
တရားသောစစ် အောင်ရမည်”
မင်းထက်ကျော်ဇော
