ဧပြီ ၂၄ ရက် မွန်းလွဲပိုင်းအချိန်က တောင်ခမ်းဒေသ၊ နောင်ချိုမြို့အနီးရှိ တပ်မတော်စခန်းတစ်ခုအား အကြမ်းဖက် TNLA အဖွဲ့မှ အင်အား ၁၅ ဦးခန့်က အလစ်အငိုက်လာရောက်တိုက်ခိုက်လို့ ပြန်လည်ပစ်ခတ်ခဲ့ရာ ရန်သူဆုတ်ခွာသွားခဲ့ပြီး ဖြစ်စဉ်တွင် မိမိထိခိုက်မှုမရှိ၊ ရန်သူ့ထံမှ ၁ လောင်း၊ ၁ လက် ရရှိကြောင်း သိရှိရပါသည်။
ထို့နောက် ဆုတ်ခွာရန်သူနောက် လိုက်လံရှင်းလင်းရာ ရန်သူ့စခန်းပုန်းတစ်ခုအား တွေ့ရှိပြီး ထပ်မံတိုက်ခိုက်ခဲ့ရာ ရန်သူမှာ ၅ မိနစ်ခန့်သာ ပြန်လည်ပစ်ခတ်ပြီး စခန်းစွန့်ခွာထွက်ပြေးသွားခဲ့ပြီး ပစ်ကျင်း/ ဘန်ကာများ သိမ်းပိုက်ရရှိခဲ့ပါသည်။
တောင်ခမ်းဖိုက်တာတွေကို သွေးတိုးစမ်းရင် ရေဆုံးမြေဆုံးထိ လိုက်တွယ်တယ်ဆိုတာ သိထားပါ။




