ယင်းမာပင်ခရိုင် တပ်ရင်း(၂၆)ရဲ့ တပ်ရင်းမှူးဆိုသူ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးကို ဖမ်းဆီးအဓမ္မပြုကျင့်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် တပ်ရင်း(၂၆)ရဲ့ တပ်ရင်းမှူးဆိုသူဟာ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးကို ဖမ်းဆီးအဓမ္မပြုကျင့်ခဲ့တာကြောင့် တိုင်ကြားခံထားရတယ်လို ဒေသခံတွေဆီက သိရပါတယ်။

အသက် ၂၀အရွယ်ရှိအမျိုးသမီး မယု(အမည်လွှ)ဟာ အခုနှစ် ဇွန်လ ၂ရက်နေ့(နယုန်လဆန်း ၇ရက်)မှာ လက်လှုပ်ကျေးရွာကနေ အေးကုန်းရွာကိုပြန်လာချိန်မှာ ယင်းမာပင်ခရိုင် တပ်ရင်း(၂၆)ရဲ့ တပ်ရင်းမှူး ဦးကျော်ဟိန်း(ခ)မင်းသားကြီးက ဆိုင်ကယ်နဲ့ဖမ်းဆီးခေါ်ဆောင်ကာ တဲတစ်လုံးအတွင်း နှစ်ရက်တိုင်ချုပ်နှောင်ပြီး အဓမ္မပြုကျင့်ခဲ့တာဖြစ်တယ်လို ကာယကံရှင်မိသားစုနဲ့နီးစပ်တဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။ PDF ဆိုတာ လူသတ် ဓားပြတိုက် ဆက်ကြေးကောက် မုဒိန်းကျင့် ဒါပဲလုပ်တတ်တဲ့ ကောင်တွေလားလို့ပဲ မေးလိုက်ချင်ပါတော့တယ်.။

Leave a Reply

Your email address will not be published. Required fields are marked *