နောင်ချိုမြို့အား တပ်မတော်မှ ပြန်လည်ထိန်းချုပ်သိမ်းပိုက်ပြီးနောက် နောင်ချိုနယ်မြေအတွင်းလက်နက်ကိုင်များဖြစ်သည့် ဓနု PDF ၊ DPLA အဖွဲ့ဝင်များအနေဖြင့် ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာမှုများ နေ့စဉ်မပြတ်ရှိရာမှ ယနေ့တွင် DPLA/ PDF ၅ ဦး အလင်းဝင်ရောက်လာခဲ့ကြောင်း သိရသည်။
TNLA လက်နက်ကိုင်များအနေဖြင့် PDF/DPLA/MDY-PDF များအား နယ်မြေရရှိရေးအတွက် အသုံးချခဲ့ခြင်းသက်သက်ဆိုတာကိုလည်း လက်နက်ကိုင်အဖွဲ့များသိရှိပြီးနောက်မှာ ယခုကဲ့သို့ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာကြခြင်းဖြစ်တယ်လို့ သိရှိရပါတယ်။




