🔹 ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာ ၂၁ ရက်စွဲဖြင့် ထုတ်ပြန်သည့် ခေတ်သစ်လူမှုကူညီရေးအသင်း (Modern Mission Community – MMC) ၏ တရားဝင်သဘောထားထုတ်ပြန်ကြေညာချက်တွင် မြန်မာနိုင်ငံနှင့်ပတ်သက်၍ နိုင်ငံတကာတရားရုံး (ICJ) ၏ ဆုံးဖြတ်ချက်များနှင့် ဆောင်ရွက်ချက်များအပေါ် သဘောထားထုတ်ပြန်ရာ၌ မြန်မာနိုင်ငံသည် ကိုယ်ပိုင်အချုပ်အခြာအာဏာပိုင်ဆိုင်သော လွတ်လပ်သည့်နိုင်ငံတစ်နိုင်ငံဖြစ်ပြီး နိုင်ငံတကာဥပဒေ၊ တရားမျှတမှုနှင့် အပြန်အလှန်လေးစားမှုတိုကို အခြေခံသည့် ဆွေးနွေးညှိနှိင်းမှုများကိုသာ အလေးထားသင့်သည်ဟု ယုံကြည်ကြောင်း ဖော်ပြထားသည်။
🔹 ထိုအပြင် နိုင်ငံတစ်နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် ပြည်သူများ၏ အကျိုးစီးပွားကို လေးစားရန် လိုအပ်ကြောင်း အလေးအနက် တိုက်တွန်းထားပြီး ခေတ်သစ်လူမှုကူညီရေးအသင်း (MMC) အနေဖြင့် တရားမျှတမှု၊ ငြိမ်းချမ်းရေး၊ အမျိုးသားအကျိုးစီးပွားနှင့် နိုင်ငံ၏ အချုပ်အခြာအာဏာကို လေးစားကာ ဆက်လက်ရပ်တည်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။

